မြစ်ကြီးနား သြဂုတ် ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်ပေးမှုဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး အထူး ကု ကွင်းဆင်းဆေးကုသရေးအဖွဲ့နှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့ ပူး ပေါင်း၍ မိုးကောင်းမြို့နယ် နမ္မနတိုက်နယ်ခွဲ ကျေးရွာအုပ်စု (၅) အုပ်စုမှ ကျေးလက်နေပြည်သူများအား အခမဲ့ဆေးဝါးကုသရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာအထက် တန်းကျောင်းခွဲ(နမ္မန) ကွင်းဆင်းကုသပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းကုသရေးလုပ်ငန်းများဆောင်ရွက်ရာသို့ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက အဆိုပါကျောင်းသို့သွားရောက်ခဲ့ကြပြီး ကျောင်းခန်းမဆောင်၌ နမ္မနကျေးရွာအတွင်း နေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်မိသားစုများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် အခမဲ့ဆေးဝါးကုသရေးဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်နေပြည်သူများကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက် ယခုလိုအခမဲ့ကွင်းဆင်းကုသရေးလုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး နမ္မနကျေးရွာ၊ ပင်းဘောတိုက်နယ်အုပ်စုသည် စည်းလုံးညီညွတ်ကြပြီး မိမိတို့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်ကြသည်ကို ကျေနပ်အားရစွာ တွေ့ရှိပါကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းရောက်ရှိနေထိုင်ကြသော ယာယီတိမ်းရှောင်မိသားစုများအား ဆန်ရိက္ခာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာအုပ်စုများရှိ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမတို့ထံ ပန်းခြင်းလက်ဆောင်များကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာအတွင်းရောက်ရှိနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်အိမ်ထောင်စု (၄၁)စုတို့အတွက်ဆန်(၂၄)ပြည်ပါအိတ် (၄၁)အိတ်ကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၊ မိုးကောင်းမြို့ နယ်ပြည်သူ့ဆေးရုံ၊ ပင်းဘောတိုက်နယ်ဆေးရုံ၊ နမ္မနကျေးလက်ဆေးပေးခန်းတို့မှ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေး ရှင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း၊ နမ္မနကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကချင်ပြည်နယ်မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်မှုရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက နမ္မနကျေးရွာနှင့် တောင်နီကျေးရွာတို့မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းသူများအတွက် ဝတ်စုံများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ရာ ရပ်မိရပ်ဖဦးအုန်းရွှေက ကျေးဇူးတင်စကားနှင့် အ.ထ.က (ခွဲ)အဆင့်မှ အ. ထ.က အဆင့်သို့ တိုးမြှင့်ပေးနိုင်ရေး တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအဆင့်တိုးမြှင့်ပေးနိုင် ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းစာသင်ခန်းများ၌ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ သမားတော်၊ အထူးကုများ၊ သူနာပြုဆရာ/ ဆရာမများ ပါဝင်သည့် အထူးကုကွင်းဆင်းဆေးကုသရေးအဖွဲ့နှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လုပ်အားပေးအဖွဲ့ဝင်များ၏ အကူအညီဖြင့် ကျေးလက်နေပြည်သူများအား ကျောက်ကပ်၊ နှလုံး၊ ဆီးချို၊ သွေးတိုး၊ အရေပြား၊ ကလေး အထူးကု၊ အရိုးအကြော၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့် ခံတွင်း၊ ငှက်ဖျား၊ သားဖွားမီးယပ်၊ မျက်စိရောဂါတို့အပြင် အထွေထွေရောဂါ စစ်ဆေးကုသပေးခြင်း လုပ်ငန်းများ၊ တိုင်းရင်းဆေးဖြင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆေးနှင့် ဆေးဝါးပစ္စည်းများ အခမဲ့ထုတ်ပေးနေမှုများနှင့် ဆေးဝါးကုသမှုလာရောက်ခံယူကြသော ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရသည်။










