မြစ်ကြီးနား သြဂုတ် ၁၆
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘက်စကက်ဘောပြိုင်ပွဲတွင် အမျိုးသား ၅ ယောက် တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် တတိယဆုများ ဆွတ်ယူရရှိခဲ့ကြပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြိးနားမြို့သို့ ပြန်လည်ရောက်ရှိလာကြရာ လေဆိပ်၌ ဂုဏ်ပြုဆိုကြိုခဲ့ကြသည်။
အဆိုပါအောင်ပွဲရလက်ရွေးစင်ဘက်စကက်ဘောအသင်း ပြန်လည်ရောက်ရှိလာမှုကိုလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နနှင့်တူ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ လီဆူရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၊ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေသော အားကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများ၊ ယူချိန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပန်းကုံး၊ အောင်သပြေတို့ဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အောင်ပွဲရလက်ရွေးစင်ဘက်စကက်ဘောအသင်း ကြိုဆိုရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


