မြစ်ကြီးနား အောက်တိုဘာ ၇
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၇ ရက်နေ့ နံနက် (၈) နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန် လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးကျော်မင်းခိုင် နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO, INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဦးစွာပြည်နယ်ဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအနေဖြင့် အဆိုးရွားဆုံးပုံစံ ဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများအား ကာကွယ်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက်များအား အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် UNCRC Child Rights Law နှင့်အညီ ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝခံစားနိုင်စေရန်၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများကိုဖယ်ရှား၍ စေခိုင်းသူများကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် အဆိုပါဆပ်ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲတွင် ဆွေးနွေးသွားမည့် ခေါင်းစဥ်များနှင့် ပတ်သက်၍ Plan International Myanmar နှင့် ပေါင်းစည်းအားမာန်(EEI) တို့မှဝာာဝန်ခံများက ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် (၁) နေရပ်စွန့်ခွာထွက်ပြေးရခြင်းနှင့်ပညာသင်ကြားရေး အခက် အခဲများကို အဆိုးရွားဆုံးခိုင်းစေခံရသော ကလေးအလုပ်သမားများအတွက် မည်ကဲ့သို့ဆောင်ရွက်မည်နည်း၊ (၂) တိုက်ပွဲရှောင်စခန်းများရှိ ကလေးသူငယ်များတွင် အဆိုးရွားဆုံးခိုင်းစေခံရသည့် ကလေးအလုပ်သမား များ မဖြစ်ပေါ်လာစေရန် မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်ရမည်နည်း၊ (၃) အဆိုးရွားဆုံခိုင်းစေခံရသည့် ကလေးအလုပ်သမားများ မဖြစ်ပေါ်လာစေရန် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်ရမည်နည်း၊ (၄) ကချင်ပြည်နယ်အတွင်းရှိ အဆိုးရွားဆုံးခိုင်းစေခံရသည့်ကလေးသူငယ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်း စဥ်များ အစရှိသည့် ခေါင်းစဥ် (၄)မျိုးဖြင့် အုပ်စုခွဲကာ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်