(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် အမှတ်(၁) တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)၌ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

မြစ်ကြီးနား စက်တင်ဘာ ၁၉
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမှတ်(၁)တပ်မတော်ဆေးရုံ၌ ဇီဝိတဒါနအဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းရာသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးရန်နောင်ဦးစီးသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်အားပေးခဲ့ကြသည်။
ထို့နောက် တပ်မတော်ဆေးရုံ၌ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့် ရဲအရာရှိကြီးများ၊ ဆေးတပ်မှူးနှင့် ဆေးရုံဝန်ထမ်းများ၏ အကူအညီဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လိုက်လံပေးအပ်ခဲ့ကြကာ ရဲမှူးကြီးက ဆေးရုံကြီးအတွက် ဆေးပဒေဿပင်အလှူငွေအဖြစ် ငွေကျပ် ၇၅ သိန်းနှင့် နံနက်စာ ကြာဇံကြော်ဘူးများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။