မြစ်ကြီးနား ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ခြင်းအခမ်း အနားကိုမြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မနောရွှေပြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကချင်ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၏ဇနီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက် အားပေးခဲ့ကြပြီး၊ ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားတတ်သည့် ဖြစ်စဉ်များ၊ ရောဂါအကြောင်းသိကောင်းစရာများ ဆန်းစစ်ချက် မေးခွန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကချင်ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယက
ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များက ပြည်နယ်/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များ သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ချက် မေးခွန်းလွှာများ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

