ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား   အောက်တိုဘာ ၂

         ကချင်ပြည်နယ်ဝန်ကြီးချုပ်သည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၇)ရက်နေ့မှ (၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

          ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်အတွက် လျှောက်ထားရာတွင်လည်းကောင်း၊ ခွင့်ပြုမိန့်မရှိဘဲ အသုံးပြုနေခြင်းများကို လည်းကောင်း ဥပဒေလုပ်ထုံး၊ လုပ်နည်းအမိန့်ညွှန်ကြားချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ၊ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းများ၊ အသိပညာပေးရန် လိုအပ်သည်များကို စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလျှောက်ထားလာသည့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားတင်ပြလာသည့် လုပ်ငန်းအမှုတွဲ (၆)တွဲနှင့် ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုထားမှုအပေါ် ဒဏ်ကြေးငွေအဆိုပြု တွက်ချက်တင်ပြသည့် လုပ်ငန်းစာတွဲ ၁၄ တွဲတို့နှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် လုပ်ငန်းစာတွဲ တစ်ခုချင်းအလိုက် ပြည်နယ်အဖွဲ့မှ စိစစ်လက်ခံဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ထောက်ခံတင်ပြရမည့် ကိစ္စရပ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။