မြစ်ကြီးနား သြဂုတ် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာသင်ကြားနေ သည့် KG ကျောင်းသား/ကျောင်းသူများအား ဩဂုတ် ၅ ရက်နေ့က အဟာရဖြည့် အစားအစာများ ကျွေးမွေး လှူဒါန်းခဲ့ကြသည်။
ထိုသို့ အဟာရဖြည့် အစားအစာများ ကျွေးမွေးလှူဒါန်းရာသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးကျော်မင်းခိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့ရှိ အမှတ်(၃)၊ အမှတ်(၁)နှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေ သည့် KG ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့် အစားအစာများဖြစ်သည့် ပဲနို့၊ ဂျုံခေါက်ဆွဲ၊ ပြောင်းဖူး၊ ထမင်းအပြင် အဟာဖြည့် ဟင်းအမျိုးမျိုးကို ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း အေးမြသီတာခန်းမ၌ ပူတာအိုခရိုင်သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ပညာရေး နှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Dip.Ep အမှတ်စဉ် (၁)မှ ဆရာ/ဆရာမများနှင့် သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ/ဆရာမ ၁၆၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် တစ် သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၁၆၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။



