မြစ်ကြီးနား စက်တင်ဘာ ၁၇
ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းဆပ် ကော်မတီအဖွဲ့ဝင်များက စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဥပဒေရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ဆပ်ကော်မတီအနေဖြင့် ဒုတိယ(၅)နှစ် စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိမိတို့ပြည်နယ်အဆင့် ဆပ်ကော်မတီအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ စီမံကိန်းအား အကောင်အထည်ဖော်ရာတွင် အခြားလုပ်ငန်းဆပ်ကော်မတီများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဆပ်ကော်မတီလုပ်ငန်းတာဝန်များ၊ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်သည့် အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ဆပ်ကော်မတီ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကလေးအလုပ်သမားနှင့် သက်ဆိုင်သောဥပဒေအသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်က ရှေ့လုပ်ငန်းစဉ်များအပေါ် အားလုံးချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့်လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး