မြစ်ကြီးနား စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ စိမ်းလန်းလုပ်ငန်းများနှင့် ပြည်တွင်းလူငယ်များ မိတ်သဟာယအသင်း(IYF)မှ လူငယ်များနှင့် ပူးပေါင်း၍ စီတာပူမနောကွင်းအတွင်း ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် IYF လူငယ်များ စုစုပေါင်း အင်အား (၈၀၀)နီးပါးခန့်စုဖွဲ့၍ အဖွဲ့များခွဲကာ မနောကွင်းအတွင်းနှင့် အပြင်ပတ်လည်တို့တွင် ခြံစည်းရိုးတစ်လျှောက်တို့တွင် သစ်ပင်ခြုံနွယ်များ ရှင်းလင်းဖယ်ရှားခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးရန်နောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်တို့က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမိုး၊ မြို့နယ်အမှုဆောင်အရာရှိနှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုရာယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများများက သန့်ရှင်းရေးအဖွဲ့များ၏ စုပေါင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည့်နေရာများတွင် ထပ်မံပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

