admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နန့်ရင်းရိပ်သာနှင့် ခရိုင်ရဲရုံးလမ်းသစ်တို့အား တက်ရောက်ဖွင့်လှစ်ပေးပြီး ဟိုပင်မြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂ ရက် နံနက် ၈ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်းဝင်းအတွင်းရှိ နန့်ရင်းရိပ်သာအဆောက်အအုံသစ်အား ဖွင့်လှစ်ပေးကြသည်။           အဆိုပါ နန့်ရင်းရိပ်သာ အဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြ သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးမြင့်ထွန်းနှင့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နန့်ရင်းရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။           ထိုမှတစ်ဆင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားပေးအပ်ပွဲ၊ ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းခြင်းနှင့် လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပ

မြစ်ကြီးနား     ဇွန် ၃           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁ ရက်က မိုးညှင်းမြို့၌ မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများ ပေးအပ်ပွဲ၊ လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ/ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ များကို ကျင်းပြုလုပ်ခဲ့သည်။           ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရရှိသူများနှင့် အတူ မိုးညှင်းစုပေါင်းရုံးရှေ့ရှိ ပြည်သူ့ပန်းခြံနှင့် အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များထံ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင်များကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများတွေ့ဆုံ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး

မိုးညှင်း          ဇွန် ၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရေးဝန် ထမ်းများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ကွင်း ဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးညှင်းဗဟိုအကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ခံဒုတိယညွှန်ကြားရေးမှူးက အကျဉ်းထောင်ဆိုင်ရာ အချက်အလက်များ၊ လုံခြုံရေး၊ စီမံအုပ်ချုပ်ရေးနှင့် ထောက်ပံ့ပေးမှုဆိုင်ရာကိစ္စရပ်များ၊ လိုအပ်ချက် များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်ရေးနှင့် လိုအပ်သည်များကို…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်၊ ပထမနှစ်ကျောင်းသား/ကျောင်းသူများအား မေဂျာမိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     မေ ၃၁           ကချင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်၊ ပထမနှစ် ကျောင်းသား/ ကျောင်းသူများအတွက် မေဂျာမိတ်ဆက်ပွဲ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် အားပေးအမှာစကားပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ ပညာသင်ယူမှု ပြီးမြောက်အောင် ဦးစားပေးတက်ရောက်ကြရေး၊ မိမိ တို့အစိုးရအနေဖြင့် ပညာရည်ပြည့်ဝသော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာရေး၊ စဉ်းစားဆင်ခြင် ဉာဏ်ပြည့်ဝသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး၊ အခက်အခဲများကို ကြံ့ကြံ့ခိုင်ရင်ဆိုင် ပြီး မိမိတို့ပညာဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ယူကြရေး၊ တတ်မြောက်လာသည့် ပညာရပ်များဖြင့် ပြည်နယ်အကျိုးပြု၊ နိုင်ငံအကျိုးပြု သားကောင်းရတနာများ ဖြစ်ပေါ်လာရေး၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ်(၆၂)သိန်းကျော် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     မေ ၃၀           ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၃၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာ ထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သားသမီးကျောင်းသား/ ကျောင်းသူများအား မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာအခက်အခဲ၊ မိသားစုအခက်အခဲများကို ဖြေရှင်းဆောင်ရွက် ပေးရန် တာဝန်အပြည့်အဝရှိသကဲ့သို့ ဝန်ထမ်းများ၏ ရပိုင်ခွင့်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးရန် တာဝန်ရှိပါကြောင်း၊ ယနေ့ဝန်ထမ်းများ၏…

Read More

ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပ

မြစ်ကြီးနား     မေ ၂၉           ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကို မေ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်  ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။           ထို့နောက် အေးမြသီတာခန်းမ၌ ကျောင်းအပ်နှံရေးနေ့…

Read More

ကချင်ပြည်နယ်အစိုးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ မြစ်ကြီးနားမြို့ မြို့မစျေး၌ Mask Campaign အစီအစဥ်ဖြင့် အသိပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား     မေ ၂၈         ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ၊ မြစ်ကြီးနားမြို့ မြို့မစျေး၌ Mask Campaign အစီအစဥ်ဖြင့် အသိပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာရေးတို့အတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မေလ ၂၈ရက် နံနက်၇နာရီမှ စတင်၍ သတ်မှတ်နေရာများအလိုက် ဆောင်ရွက်ခဲ့ကြသည်။         ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ၊ပြည်နယ်ဥပဒေချုပ်တို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့မဈေး၌ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး၊ ကိုဗစ်-၁၉ ကာကွယ်ရေး ပေါ့ဆမှု မရှိကြရန်၊ ကူးစက်ရောဂါအမျိုးမျိုးမှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း Maskများ စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     မေ ၂၇           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ မေ ၂၇ ရက် နံနက် ၉ နာရီခွဲတွင် နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ်အသင်းနှင့် ပူတာအို မြို့နယ်အသင်းတို့ အမျိုးသား (၃)ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြရာ  မြစ်ကြီးနားမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲသည်။           ထို့နောက် ဆုချီးမြှင့်ပွဲ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     မေ ၂၆           ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အဖြစ် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိရေး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက်တွင် စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့သို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားမိဘများက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းနှင့် ဆရာ/ ဆရာမများက ကျောင်းအပ်လက်ခံခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ များ ဖြန့်ဝေပေးအပ်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများ၊ ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေမီးသတ်စခန်း အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား၊ ဝန်ကြိးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြစ်ကြီးနားဘူတာနယ်မြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား    မေ ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုဖြစ်ပွား လာပါက မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၈.၁၅ သန်း ဖြင့် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ အသစ်တည်ဆောက်သွားမည့် လယ်ကုန်းနယ်မြေမီးသတ်စခန်း (၄၅× ၅၀×၂၆)ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေ ၂၄ ရက် နံနက် ၈ နာရီခွဲက လယ်ကုန်းရပ်ကွက်ရှိ အဆိုပါ နယ်မြေမီးသတ်စခန်းမြေနေရာ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ နယ်မြေမီးသတ်စခန်း (၄၅× ၅၀×၂၆)ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက် လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် အဆောက်အဦကို…

Read More