ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားပေးအပ်ပွဲ၊ ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းခြင်းနှင့် လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားပေးအပ်ပွဲ၊ ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းခြင်းနှင့် လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပ

မြစ်ကြီးနား     ဇွန် ၃

          ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁ ရက်က မိုးညှင်းမြို့၌ မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများ ပေးအပ်ပွဲ၊ လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ/ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ များကို ကျင်းပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရရှိသူများနှင့် အတူ မိုးညှင်းစုပေါင်းရုံးရှေ့ရှိ ပြည်သူ့ပန်းခြံနှင့် အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြီး ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များထံ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တူ ကံ့ကော်ပင်နှင့် သပြေ ပင် ၉၀၀ တို့ကို တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး ဌာနဆိုင်ရာများအား လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

          ထို့နောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည် ဆောက်ပြီးစီးသည့် မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံး (၄)ထပ် RC အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရုံးသစ်အဆောက်အအုံအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့် မိုးညှင်းတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦ၏ ကမ္ဗည်းမော်ကွန်းကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ စုပေါင်းရုံးအတွင်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ တစ်နေရာထဲတွင် တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်ရေး ရုံးခန်းများဖြင့် ဖွဲ့စည်းဆောင်ရွက် ထားရှိမှုတို့ကို ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ယင်းနောက် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်းအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့်/ မလုပ်ရသေးသူများ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၉၀၆၁၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မိုးညှင်းမြို့နယ် အနေဖြင့် (၂၅၄၅၁)ကတ် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပန်းခင်းစီမံချက်အောင်မြင် ရေး အားလုံးက တက်တက်ကြွကြွဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် မိုးညှင်းခရိုင်ခေတ္တခရိုင်ဦးစီးမှူး ဦးသောင်းထွဋ်ဦးက ပန်းခင်း စီမံချက်နှင့် ပက်သတ် ၍ အကျယ်တဝံ့သိရှိနိုင်‌ရေးနှင့် မိုးညှင်းခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ၊ အိမ်ထောင်စုလူဦးရေစာရင်း  ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ဧပြီလအတွင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၄၂ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၉)စုတို့အား ဒေသခံတိုင်းရင်းသားများထံ အသီးသီးပေးအပ်ခဲ့ကြရာ ဒေသခံမြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုပရဟိတအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ကြ ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို ချီးမြှင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ထေကြီးဝါကြီးဆရာတော်၊ သံဃာတော်များအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထု ငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြပြီး အောင်သပြေရပ်ကွက်ရှိ အင်္ဂလိကန်ဘုရားကျောင်း၊ ဧမာနွေလဘုရားကျောင်း၊ တြိနိတီဘုရားကျောင်းနှင့် စိန့်ပက်ထရစ်ကတ်သလစ်ဘုရားကျောင်းများ သို့ သွားရောက်ကာ ခရစ်ယာန်ဘုန်း‌တော်ကြီးများ၊ သင်းအုပ်ဆရာများထံ လှူဖွယ်ပစ္စည်းများနှင် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်မှုကို ခံယူခဲ့ ကြသည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံလူမှုပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်အတိုင်း ဦးတည်ဆောင်ရွက်နေမှု အခြေအနေ များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားစီးဘဝဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မိုးညှင်းခရိုင် ဒေသဆိုင်ရာအချက် အလက်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများက ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း လမ်း၊ တံတားနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ညှီနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် မြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်ပညာရေး မှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်း (၁၉၉)ကျောင်းမှ ကျောင်းအုပ်များ နှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် အခက်အခဲအကြပ်များမှ မိမိတို့ ပြည်နယ်၊ မိမီတို့နိုင်ငံအတွက် ကျန်းမာကြံ့ပြီး ပညာရည်ပြည့်ဝသည့် နိုင်ငံသားကောင်းရတနာများ ပြုစုပျိုးထောင်ပေးရာတွင် ဆရာ၊ ဆရာများအနေဖြင့် စေတနာထား သွန်သင်ဆုံးမကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ခရိုင်ပညာရေးမှူးက ကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းအပ်နှံလက်ခံဆောင် ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ် ဝန်ကြီးချုပ်က ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မိုးညှင်းမြို့ ကုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ဆေးရုံအုပ်ကြီးက ဆေးရုံဆိုင်ရာအချက်များနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လိုအပ်လျက်များ တင်ပြမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံလူနာဆောင်များအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းမြို့ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများနှင့် တွေ့ဆုံပြီး ခရိုင်အတွင်း အသားစားသုံးမှု လုံလောက် ဖူလုံစေရေး၊  မျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ မွေးမြူနိုင်ရေး၊ အစိုးရမှ ထောက်ပံ့ကူ ညီပေးရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံတည်ထောင် ဖွင့်လှစ်သွားမည့် အစီအစဉ်များနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ကိစ္စရပ်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးများ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။