ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပပြလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၂၄ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာ ရီခွဲက မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်သည်။ ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးက ယခုလိုပွဲတော်များကျင်းပပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူလေးများအနေဖြင့်လည်း စာကြည့်တိုက်မှာ စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်းစသည့် အလေ့အထကောင်းများပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အကျိုးထိရောက်စေသည့် ယခုလိုပွဲတော်များကို ယခု ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွင်း ပြည်နယ် အတွင်းရှိ မြို့နယ်များအလိုက် (၁၇)ကြိမ်ထိ…