admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village) နေ ပြည်သူ့များနှင့်‌ တွေ့ဆုံ၊ ကျေးရွာအတွင်း လုပ်ငန်းစီမံကိန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  ဇန်နဝါရီ ၂၉ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ နယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village) နေ ဒေသခံတိုင်းရင်းသားပြည်သူလူထုများနှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ဌာနဆိုင်ရာ တာဝန်ရှိသူများသည်   ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ ချန်းမောခန်းမဆောင်၌ တွေ့ဆုံ‌ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က  မော်ဖောင်း၊ နယ်မြေ (၈) ခေတ်မီ စံပြကျေးရွာ (Smart Village) ဘက်စုံ ခေတ်မီဖွံ့ဖြိုးတိုးတက်‌လာစေရန် ဒေသခံပြည်သူများအနေဖြင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ‌နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ကြရန်လိုပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ်အတွင်းရှိ ကျေးလက်များဖွံ့ဖြိုး တိုးတက်လာစေရေး နိုင်ငံ့စီးပွား မြင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ        ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်မိုးရာသီ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားပါက ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပေါ် လေ့ရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက် များအတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုများကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမြန်ရေယာဉ်ဖြင့်  ဧရာဝတီမြစ်အတွင်းမှ မြစ်ကြီးနားမြို့အား ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ထားရှိမှုအ‌ခြေအနေများ၊ မြို့ဧရိယာအတွင်းရှိ ရေထုတ်မြောင်းမကြီး များမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ရေထွက်ပေါက်အ‌ခြေအနေများနှင့် ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲတိုက်စားနိုင်မည့် အခြေအနေများအ‌ပေါ် ကြိုတင် ကာကွယ်သွားရမည့် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအဆောက်အအုံသစ် တက်ရောက်ဖွင့်လှစ်၊ မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၂၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့၌ အသစ်ပြုပြင်တည်ဆောက်ပြီးစီးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး  အဆောက်အအုံသစ်အား တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အဆောက်အအုံသစ်ကို ကောင်းမွန်စွာ ဆောင်ရွက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ရုံးအဆောက်အအုံကို အစဉ်သန့်ရှင်း သာယာလှပစေရန် ဝန်ထမ်းများအနေဖြင့် ဂရုပြုစောင့်ရှောက်ထိန်းသိမ်းကြရန်လိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ဥပဒေနှင့်ညီညွတ်သည့် အခွင့်အလမ်းများကို ပြည့်ပြည့်ဝဝ တိုးမြှင့်ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်နယ်၏ နယ်စပ်ကုန်စည်စည်းဆင်းမှု၊ လူအဝင်/အထွက် ကိစ္စများတွင်   တိုင်းရင်းသားပြည်သူများ၏…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပပြုလုပ်

မွဈကွီးနား     ဇနျနဝါရီ    ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင်တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။ အခမ်းအနားသို့ ပြည်နယ်သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်  ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသော ပင့်သံဃာများ၊ စာအောင်သံဃာတော်များ၊ စာအောင်သီလရှင်ဆရာလေးများ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး‌ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်‌ဇနီးဒေါ်ရွှေစင်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ရှေးဦးစွာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးဘုရားများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား     ဇန်နဝါရီ        ၂၆ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးများတွင် ဘုရားဖူးလာရောက်ကြမည့် ရဟန်း၊သံဃာတော်များနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ တရားဘာဝနာပွားများ၍ ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက် ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြသည်။ ထိုသို့ စုပေါင်းသန်ရှင်းရေးလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် ဘုရားပုရိဝုဏ်အတွင်းနှင့်အပြင်တို့တွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တူးဖော်ပေးခြင်း၊ ရေတွင်း/…

Read More

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ(Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ        ၂၆ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်း သန့်ရှင်း၍ စိန်းလန်းစိုပြည်သော ကျောင်းအစီအစဉ်များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာ ကျောင်းများအား ပြည်နယ်အစိုးရအဖွဲ့မှ ‌ပံ့ပိုးငွေများကို ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်နှင့် ပူတာအိုခရိုင်တို့တွင် ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် မြစ်ကြီးနားခရိုင် အတွင်းရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရန် ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇန်နဝါရီ ၂၆ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေရင်းနှီး မတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ (ထော့ရှယ်)စက်ယက္ကန်းရုံတွင် ရိုးရာအဝတ်အထည်များနှင့် အထည်အမျိုးမျိုး ယက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီ‌ထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လိုအပ်ချက်များအား ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား       ဇန်နဝါရီ  ၂၅ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေ ရင်းနှီးမတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဝိုင်းမော်မြိုနယ်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် ရပ်ကွက် (၁) အတွင်းရှိ ဦးရွှေကော်၏ မိသားစုတစ်ပိုင်တစ်နိုင် ပန်းပဲလုပ်ငန်းဖြင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ ရှမ်းမောင်နှမ နို့စားနွား မွေးမြူရေးလုပ်ငန်းနှင့် နွားစာအဖြစ်နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ဦးလဖိုင်ခွန်ဆက်၏ ဒေသနွားမွေးမြူထားရှိမှုအခြေအနေများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၅ ကချင်ပြည်နယ်အတွင်း အသက်အရွယ်အုပ်စုအလိုက် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ပြည်နယ် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ် ကို‌ဗစ် – ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း အသက် (၁၈)နှင့် အထက် ပြည်သူလူထုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ အသက်အရွယ်အုပ်စု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့နယ်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား       ဇန်နဝါရီ ၂၄             ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ၊ ပြည်နယ် စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး  ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအတွင်းရှိ  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး‌ခဲ့ကြသည်။             ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အကျဲကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဆွတ်ရှနန် သဘာဝမြေသြဇာစက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သဘာဝမြေသြဇာများ ထုတ်လုပ်ရောင်းချနေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ကုန်ကြမ်းများလွယ်ကူစွာရရှိရေးနှင့် သဘာဝ မြေသြဇာများ အရည်အသွေးကောင်းမွန်၍ ဈေးကောင်းရရှိစေရေးတို့အား လမ်းညွှန်မှာကြားပြီး…

Read More