ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ဗန်းမော်ခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၁၃ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ဗန်းမော်ခရိုင်အတွင်းမှ နေရပ်စွန့်ခွာ၍ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းအသီးသီးတွင် လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်များမှ ယာယီတိမ်းရှောင်လာသောအိမ်ထောင်စု (၂၁၂)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၂၁၂)အိတ်၊ ဆီ (၂၁၂) ပိဿာနှင့် ကြက်ဥ (၄၂၄၀)လုံးအား ထောက်ပံ့ပေးအပ်ရာ တိမ်းရှောင်ပြည်သူတစ်ဦးက ထောက်ပံ့ပေးအပ်မှုများအတွက် ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသတွင်းယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်…