
မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပပြုလုပ်
မြစ်ကြီးနား ဇန်နဝါရီ ၂၀ မိုင်းနှင့်ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်များ လျော့ချနိုင်ရေးအတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် မိုင်းအန္တရာယ်ရှိသော နေထိုင်ပြုမူခြင်းများ ပြောင်းလဲလာစေရေး တို့အား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) အား ဇန်နဝါရီ ၂၀ ရက် နံနက် ၉နာရီခွဲက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ‘မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ယနေ့ အစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သော မိုင်းအန္တရာယ်အသိပညာပေး ဆောင်…