ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးလျက်ရှိ
မြစ်ကြီးနား ဒီဇင်ဘာ ၂၈ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီက စတင်ပြီး မဲရုံများဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁)တွင် ပါဝင်သည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲပေးခြင်းကို တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရွေးကောက်ပွဲကို နံနက် ၆ နာရီမှစတင်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံပေါင်း (၁၀၂)ရုံရှိသည့်အနက် သီတာရပ်ကွက်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၅) ၊ ဧရာရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၁)၊ အောင်နန်းရိပ်သာရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မဲရုံအမှတ် (၈၉)၊ ရွှေညောင်ပင်ရပ်ကွက်…