ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၃ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကချင်ပြည်နယ်အတွင်း အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက် (၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းအား နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကပ်ထားကြေညာလျက်ရှိရာ ရွေးကောက်ပွဲအောင်မြင်ရန် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရန်နှင့် ကျင်းပမည့်အစီအစဉ်အား စနစ်တကျစီမံ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသည့်…