admin

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၇           ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည် နယ်နေ့အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဌာနဆိုင်ရာများ၏ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အသစ်ဆောက်လုပ်ပြီးစီးသည့် ရေကူးပြေးလမ်း(၁၀)လမ်းပါ ငြိမ်းချမ်းသာယာ‌ရေကူးကန်နှင့်‌ ရေကူးကန်အဝင်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း မြက်ခင်းပြင်၌ မနောကွင်းပုံစံငယ် တည်ဆောက်ထားရှိမှုနှင့် စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ် ခင်းကျင်းပြသသွားမည့် ဌာနဆိုင်ရာပြခန်းများ၊ ဒေသထုတ်ကုန်ပြခန်းများ…

Read More

မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၆           ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပညာရေးစုံညီပွဲတော် မုခ်ဦးအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ပညာရေးမှူးဦးကြည်စိန်၊ခရိုင်ပညာရေးမှူး ဦးရဲအောင်၊ မြို့နယ်ပညာရေးမှူး ဦးငွားတားနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်ကေဒီဆိုင်းပန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။           ယင်းနောက် အဆိုပါကျောင်းရှိ အေးမြသီတာခန်းမ၌ ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အခြေခံပညာအလယ်တန်း လေ့ကျင့်ရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်လူမှု‌ရေးရာ ဝန်ကြီးဦးဝင်းရဲထွန်းက ‘ဘက်စုံပညာပြည့်ဝသောနိုင်ငံသားကောင်းများ  ပြုစုပေးနိုင်တဲ့ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်/ဆရာမကြီးများ၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဆရာ၊ဆရာမများအနေဖြင့်…

Read More

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၄            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်အလံတင်အခမ်း အနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ဇန်နဝါရီ ၄ ရက်က ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်း ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နိုင်ငံတော် အလံအား အလေးပြုကြသည်။           ထို့နောက် နံနက် ၇ နာရီတွင် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို…

Read More

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတတိုးပွားလာစေရေး စာပေဟောပြောပွဲကျင်းပပြုလုပ်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၃           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရေးနှင့် စာပေကို ဖတ်မှတ်လေ့လာပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ဒေသခံစာရေးဆရာများနှင့် စာပေဟောပြောပွဲကို ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် မှန်ကန်၍ ဘက်မလိုက်သော ပညာရည် ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာ စေရေး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃           နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဒီဇင်ဘာအားကစား ပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်အမျိုးသားဘောလုံးပြိုင်ပွဲများ ကို  ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် EP အသင်းနှင့် Civil အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ သင်တန်းရေးရာဌာန၊ ဌာနကြီးမှူး နှင့် ဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများက အားပေးကြည့်ရှုခဲ့ကြရာ EP အသင်းက Civil အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ် စွဲသည်။          …

Read More

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ ၂           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု  ကချင်ပြည်နယ်နေ့တွင် ရိုးရာအစဉ်အလာနှင့် မနောအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေး၊  မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ အပါအဝင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂ ရက် နံနက် ၁ဝ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများအတွက် ဇန်နဝါရီ (၉)နေ့တွင် မနောအကဖြင့် စုပေါင်းဆင်နွှဲပြီး ဖွင့်လှစ်နိုင်ရေး၊…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပဉ္ဇမအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှု အဖြစ် စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်း သား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်း တစ်လျှောက်၊ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက် ကာ တစ်ပျော်တစ်ပါး…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိ သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့၏ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက်များအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေထိန်းနံရံတည် ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ မြေထိန်းနံရံတည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းဆောင် ၌ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၉)နှင့် နယ်မြေ (၁၀)အတွင်း ဧရာဝတီမြစ်ရေတိုက် စားခြင်းမှ ကာကွယ်ရန်အတွက် စုစုပေါင်း အရှည်ပေ (၃၁၈၈)ပေကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဆည်မြောင်းနှင့်…

Read More

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့ တွင် သဝဏ်လွှာဖတ်ပွဲ၊ မနောအကနှင့်အတူ ဒေသထုတ်ကုန်ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင် ကျင်းပသည့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်ကြည်လင်းက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကို ယခင်နှစ်က တွေ့ကြုံခဲ့သည့် အားနည်းချက်/ အားသာချက်များအပေါ် ဆပ်ကော်မတီအသီးသီး အနေဖြင့် လေ့လာသုံးသပ်ပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်စွာ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်း စာအုပ်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးထုတ်ဝေသည့် နှစ်ပတ်လည် မဂ္ဂဇင်း အောင်မြင်စွာထုတ်ဝေနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူများအား  ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။           မဂ္ဂဇင်းစာအုပ်များအပ်နှံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲတွင် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ(ကိုယ်စား)၊ မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာအကြီးကိုကို(ကသာ)က (၇၅)နှစ် မြောက်စိန်ရတုနှစ် အထိမ်းအမှတ် ကချင်ပြည်နယ်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပုံနှိပ်ပြီးစီးခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို…

Read More