admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၌ ဖွင့်လှစ်ခဲ့သော မိုးရာသီမြန်မာ့သိုင်းသင်တန်း ဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   စက်တင်ဘာ ၉          ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ပြည်နယ်အစီုးရအဖွဲ့ရုံး မေခခန်းမ၌ ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးတွင် ပြိုင်ပွဲဝင် (၈၈)ဦးတို့ဖြင့် (၂) ရက်ကြာ ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ နံနက် (၈) နာရီက ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။           ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီ…

Read Full News

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) စာကြည့် တိုက်အတွက် ငွေကျပ်သိန်း (၁၀၀)တန်ဖိုးရှိ  စာအုပ်စာစောင်များပေးအပ်လှူဒါန်း၊ စာပေဟောပြောပွဲအား တက်ရောက်အားပေး

မြစ်ကြီးနား   စက်တင်ဘာ ၈          နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် ကျောင်း သားလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတ ပြည့်ဝစေရေးအတွက် စာပေဟောပြောပွဲကို စက်တင်ဘာ ၈ ရက် နံနက် (၁၀)နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက ယနေ့ စာကြည့်တိုက်မှူးနှင့် ဌာနမှူးများ၏ တင်ပြချက်အရ ကျောင်းသား/ကျောင်းသူများ ဆန္ဒပြုတောင်းဆိုချက်အရ သုတ၊ ရသစာအုပ်များ၊ သင်ထောက်ကူ Reference စာအုပ်များနှင့် စာအုပ်စင်များကို ဖြည့်ဆည်းပေးနိုင်ရေး ငွေကျပ်သိန်း (၁၀၀) လှူဒါန်းသွားမည်ဟု ကတိပြုခဲ့ပါကြောင်း၊ ထိုသို့ လှူဒါန်းပေးခြင်းသည် လူငယ်များ၏ လောကပြတင်းပေါက်ကို ကူပြီးဖွင့်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့အွန်လိုင်းမီဒီယာများတွင် စာပေဖတ်ရှုနိုင်မည်ဖြစ်သော်လည်း…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်၊ စခန်းသွင်းလေ့ကျင့်ပြင်ဆင်လျက်ရှိသော ပြည်နယ်လက်ရွေးစင် အမျိုး သမီး ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ်အဖွဲ့အား ကြည့်ရှုအား ပေး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား         စက်တင်ဘာ ၈ နှစ်စဉ် စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယခုနှစ် ၂၀၂၅ ခုနှစ်တွင် “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေးမြှင်တင်စို့” ဆောင်ပုဒ်ဖြင့် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူများက “ဝ ထ က လ သ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်တွင် ဘဝ၏ နယ်ပယ်များစွာတွင် ထိုးဖောက်ဝင်ရောက်လျက်ရှိပြီး  စာတတ်မြောက်မှုသည် ဒစ်ဂျစ်တယ်စနစ်၏ အကျိုးကျေးဇူးများကို ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်ယူမှုဝန်းကျင်ချဲ့ထွင်နိုင်ရန်အတွက် စာတတ်မြောက်မှုသည် အဓိကပင်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအပါအဝင် လိုအပ်လျှက်ရှိသည့်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါးရာနှုန်းပြည့်အထွက်နှုန်းရရှိရေး တောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျရောစပ်သုံးစွဲခြင်းနှင့် ရွက်ဖျန်းမြေသြဇာပက်ဖျန်းခြင်း တောင်သူပညာပေး ကွင်းသရုပ် ပြပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား   စက်တင်ဘာ ၅          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ (ကံ့ကော်မြိုင်)ကျေးရွာ၊ ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါးရာနှုန်းပြည့်အထွက်တိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။           ရှေးဦးစွာ တောင်သူ ဦး၏ မိုးစပါးစိုက်လယ်အနီး၌ ကံ့ကော်မြိုင်ကွင်းအတွင်းရှိ မိုးစပါးစိုက် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အဓိကစိုက်ပျိုးသည့် စပါးခင်းများ အထွက်တိုးရေး “မျိုး၊ မြေ၊ ရေ၊ နည်းစနစ်” များအပြင် သွင်းအားစုများကို အချိန်ကိုက် အချိုးကျ အပြည့်အဝထည့်သွင်းနိုင်ရေးသည် အရေးကြီးပါကြောင်း၊ စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှသာ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် e-Government အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မြစ်ကြီးနား   စက်တင်ဘာ ၄          ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံအပါအဝင် အခြားသီးထပ်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်သွင်းအားစုများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ခရိုင်/ မြို့နယ်များအလိုက် (၄)နှစ်တာကာလအတွင်း မြေပြင်ကွင်းဆင်းစစ်ဆေး၍ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုများရှိခဲ့ပါကြောင်း၊ သို့ သော်လည်း မိမိတို့အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများအပြင် အခြားသီးနှံသီးထပ်စိုက်ပျိုးမှုအား (၂) သီးမှ (၃) သီးအထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တောင်သူလိုအပ်ချက်ဖြစ်သည့် သွင်းအားစုများ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ဂါဝရပြုထောက်ပံ့မှုပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ မြို့တော်ခန်းမသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   သြဂုတ် ၃          နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ အသက် (၁၀၀)နှစ်နှင့်အထက် ဘိုး/ဘွားများအား ဂါဝရပြုထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်နိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၃ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဘိုးဘွားများသည် ယခင်က နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်း‌ဆောင်ခဲ့ကြသဖြင့် မိမိတို့ ယခုလို ရပ်တည်နေထိုင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဘိုးဘွားမိဘများကို အောက်မေ့သတိရပြီး ကျေးဇူးဆပ်သည့်အနေဖြင့် ယခုလို ပူဇော်ကန်တော့ခွင့်၊ ဂါဝရပြုခွင့်ရသည့်အတွက်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် နိုင်ငံ့ကိုယ်စားပြုတတိယဆုနှင့် အဆင့် (၅) ရရှိခဲ့သော ကချင်ပြည်နယ်သားကာယဗလအားကစားသမား မောင်မောင်စိုင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်ဖူဆယ်အသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   စက်တင်ဘာ ၂          ကချင်ပြည်နယ်အစိုးရအဖွဲ့က (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် တတိယဆုနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြုအဆင့် (၅) ရရှိခဲ့သော ကချင်ပြည်နယ်သား ကာယဗလအားကစားသမား မောင်မောင်စိုင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရပြည်နယ် လက်ရွေးစင်ဖူဆယ်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကချင်ပြည်နယ်မှ နိုင်ငံ့ကိုယ်စားပြုပြီး အရှေ့တောင်အာရှနှင့် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပြီး နိုင်ငံနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သော မောင်မောင်စိုင်းအား ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့အောင်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား၊ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်နှင့်စားသောက်ကုန်များ ထောက်ပံ့၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CAEXPO) တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်ရာမြို့အဖြစ် ပါဝင်ပြသနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   စက်တင်ဘာ ၁          ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံနှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး စသည့်အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ဖူဆယ်ပြိုင်ပွဲသည် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို သွားရောက်နေခြင်းပင်ဖြစ်သည့်အပြင် ပြည်နယ်ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့စိတ်ဝင်စားသည့်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် သီတဂူစက္ကုဒါနဆေးရုံ၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ယာယီတိမ်းရှောင်မိသားစုများအား အခမဲ့ဆေးဝါးကုသပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

မြစ်ကြီးနား   သြဂုတ် ၃၁          ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက နယ်မြေလုံခြုံ‌ရေးအခြေအနေအရ နေရပ် မြို့/ကျေးရွာများကို စွန့်ခွာ၍ ယာယီထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်သီတဂူစက္ကုဒါနဆေးရုံ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သွာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် သီတဂူစက္ကုဒါနဆေးရုံ၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွမ်၊ ဆရာဝန်များနှင့်အတူ အဆိုပါအံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်း လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကု သပေးခြင်း၊ ဆေးဝါးများအခမဲ့ပေးခြင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ ထို့နောက် ဆေးဝါးကုသမှုခံယူရန် လာရောက်ကြသော ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်

သြဂုတ် ၃၀   မြစ်ကြီးနား          ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည့် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလသည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအကြိုကာလလည်းဖြစ်သည့်အတွက် မြို့နယ်အလိုက် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုဆောင်ရွက်ရန် လိုအပ်သောကြောင့် Pilot Project စီမံချက်ကို ပထမဦးဆုံးဆောင်ရွက်သွားမှာ ဖြစ်၍ တက်ရောက်လာသည့် ဧည့်သည်တော်များမှလည်း အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ‌ရေး ဆောင်ရွက်ရာ တွင် လိုအပ်သောနည်းပညာနှင့်ပတ်သက်သော လုံခြုံရေးအသုံးအဆောင်ပစ္စည်းများအပြင် တပ်ဖွဲ့ဝင်များ/မိသားစုများ နေထိုင်ရန်အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ ထောက်ပံ့ငွေပေးခြင်းများကို…

Read Full News