ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၁၁           နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန် ၁၁ ရက် ညနေ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ပြည်နယ်လက်ရွေးစင်အကအဖွဲ့များ ရွေးချယ်နိုင်ရေး ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သဘင်အစည်းအရုံး တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဝါသနာရှင် ပထမတန်းနှင့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြစ်ကြီးနား     ဇွန် ၁၁           နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းမိသားစုများ၏ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၁ ရက် နံနက် ၇ နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင် ဦးဆောင်၍ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဦးစီးဌာန၊ အမှတ်(၂)သတ္ထုတွင်းဦးစီးဌာန၊ သတ္ထုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းစသည့် ဦးစီးဌာနလုပ်ငန်း (၁၆)ခုမှ ပြည်နယ်ဦးစီးမှူးများ၊ ပြည်နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အနီး ကွင်းပြင်၌ ကံကော်၊ ခရေ၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ငါးမွေးမြူရေးပညာရှင်နှင့် ငါးမွေးမြူရေးတောင်သူများ၏

မြစ်ကြီးနား     ဇွန် ၁၁           ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက် ရောက်အားပေးအမှာစကားပြောကြားသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် မသန်စွမ်းအဖွဲ့အစည်းများတွက်

မြစ်ကြီးနား     ဇွန် ၁၀           ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် မြို့နယ်ပေါင်း (၁၈)မြို့နယ်တွင် (၁၃)မြို့နယ် သည် (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်(၅)မြို့နယ်တွင်လည်း ပျမ်းမျှအားဖြင့် (၈၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်အတွက် တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် (၉၄.၇၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဇွန် ၁၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်(၅)မြို့နယ်တွင် လတ်တလောလုံခြုံရေးအခြေအနေအရ ကွင်းဆင်းဆောင်ရွက်ရန် အခက်အခဲများ ရှိနေပြီး ကျန်လပ် မှုမရှိ ကွက်ပြည့်နင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ ပန်းခင်း [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇွန် ၉           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃၁၂.၈၄၀)သန်းဖြင့် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော အမှတ် (၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦအား ဇွန် ၉ ရက် နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အရည်အသွေးစစ်ဆေးရေး နှင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ် အမှတ်(၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၊ပြည်နယ်ယာဉ်ထိန်းရဲတာဝန်ခံ ရဲမှူးစောဟန်သက်မောင်တို့ နှင့်အတူ တင်ဒါအောင်မြင်ခဲ့သော ရွှေရတနာတိုးရွှင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၆၁ ပေ × ၅၀ ပေ)ပေရှိ (၄)ခန်းတွဲ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇွန် ၉           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၅)နှစ်မှ အသက် (၁၂)အထိ  ကျောင်းသားကလေးငယ်များကို ကိုဗစ်-၁၉ ‌ကာကွယ်ဆေးထိုးနှံပေး နေမှုကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ ကြည်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းခန်းမဆောင်၌ အသက် (၅)နှစ်မှ အသက် (၁၂)နှစ် အထိ ကျောင်းသားကလေးများအား ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်မှ ဆရာဝန်၊ သူနာပြုများနှင့် ဆရာ/ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင် ရေးအတွက် မြစ်ကြီးနားမြို့၌ မွေးမြူရေးသရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံ တည်ဆောက်သွားမည်

မြစ်ကြီးနား     ဇွန် ၈           ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များနှင့် တိရိစ္ဆာန်အစာပင်မျိုးများ မွေးမြူရေးလုပ်ကိုင်နေကြသည့် တောင်သူများ ထံ ဖြန့်ဝေပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ၍ မြစ်ကြီးနားမြို့၌ မွေးမြူရေးနှင့် သရုပ်ပြသုတေသနခြံတည်ဆောက်သွားနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။           အဆိုပါ သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံကို ၂၀၂၃Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး မြစ်ကြီးနားစီးပွာရေးဇုန်စီမံကိန်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး

မြစ်ကြီးနား     ဇွန် ၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးအတွက် အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ  ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ဇွန် ၈ ရက် နံနက် ၁၀ နာရီခွဲက ကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ ပန်းခြံတိုးချဲ့တည်ဆောက်နိုင်ရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝိုင်းမော်         ဇွန် ၇           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူအပန်းဖြေနိုင်ရေး ဖွင့်လှစ်ထားသည့် ဧရာမော်ပန်းခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။      &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံ

မြစ်ကြီးနား     ဇွန် ၇           ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။         &Read More