ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံ

မြစ်ကြီးနား     ဇွန် ၇           ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာဒေသများ၊ လုပ်ငန်းများ ပေါ်လွင်ထင်ရှားစေသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေး

မြစ်ကြီးနား     ဇွန် ၆           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာဒေသများ၊ လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ (Kachin State Investment Opportunities) ဗီဒီယို ရိုက်ကူးထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။      &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကနဦး အကောင်အထည်‌ဖော်

မြစ်ကြီးနား     ဇွန် ၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့က ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်နယ်ဥပဒေချုပ် ဦးဆောင်၍ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများအား ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား သို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။           ညှိနှိုူင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိကြီးများ အနေဖြင့် ပြည်နယ်၏ တရားစီရင်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေအရာရှိများသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်၊ ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားစွဲမှုနှင့် အမှုလိုက် လုပ်ငန်းကို ဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန် ၅           “တစ်ခုတည်းသော ကမ္ဘာမြေ” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်း သိမ်းနိုင်ရန် ရည်မှန်းချက်နှင့် ထုတ်ပြန်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒအခြေခံမူများ နှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်းပေါင်းစပ်ခြင်း အားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုရရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိသည့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်း‌ရေးစသည့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

မြစ်ကြီးနား    ဇွန် ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၄ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝင်းအတွင်းပြုလုပ်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်၍ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။           သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝင်းအတွင်း&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇွန် ၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့နယ် (၁၂)မြို့နယ်မှ ပြိုင်ပွဲ ဝင်အသင်း (၁၂)တို့အား  အမှာစကားပြောကြားသည်။         &Read More

Uncategorized

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄)သိန်းကျော် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန် ၃ ကချင်ပြည်နယ်တရားလွှတ်တော်က ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တရားတရားရုံး ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၃ ရက် နံနက် ၁၁ နာရီခွဲက ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် တရားလွှတ်တော် တရားရေးဝန်ထမ်းများ၏ သားသမီးကျောင်းသား/ကျောင်းသူများအနေဖြင့် လူကြီး မိဘများ၏ စေတနာကို သိရှိနားလည်ပြီး မိမိတို့၏ ပညာသင်ယူခြင်းလုပ်ငန်းကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ရေး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်နိုင်ငံ‌တော်၏ တာဝန်ကို ပခုံးပြောင်းတာဝန်ယူနိုင်သော သားသမီးကောင်းရတနာများဖြစ်လာမည် ဖြစ်ပါကြောင်း တိုက်တွန်း အားပေးပြောကြားသည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နန့်ရင်းရိပ်သာနှင့် ခရိုင်ရဲရုံးလမ်းသစ်တို့အား တက်ရောက်ဖွင့်လှစ်ပေးပြီး ဟိုပင်မြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂ ရက် နံနက် ၈ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်းဝင်းအတွင်းရှိ နန့်ရင်းရိပ်သာအဆောက်အအုံသစ်အား ဖွင့်လှစ်ပေးကြသည်။           အဆိုပါ နန့်ရင်းရိပ်သာ အဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြ သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးမြင့်ထွန်းနှင့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နန့်ရင်းရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားပေးအပ်ပွဲ၊ ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းခြင်းနှင့် လူထုတွေ့ဆုံပွဲ၊

မြစ်ကြီးနား     ဇွန် ၃           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁ ရက်က မိုးညှင်းမြို့၌ မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲ၊ စုပေါင်းရုံးဖွင့်ပွဲ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများ ပေးအပ်ပွဲ၊ လူထုတွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းအုပ်များ/ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ များကို ကျင်းပြုလုပ်ခဲ့သည်။           ရှေးဦးစွာ&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများတွေ့ဆုံ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော်

မိုးညှင်း          ဇွန် ၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရေးဝန် ထမ်းများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ကွင်း ဆင်းဆောင်ရွက်ခဲ့ကြသည်။     &Read More