ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ မီးခိုးမြူငွေ့ အန္တရာယ်တားဆီးလျှော့ချရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောပွဲသို့တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၂၅ မီးခိုးမြူငွေ့ အန္တရာယ်တားဆီးလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောပွဲအား နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉း၃၀ က ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြု လုပ်ရာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်သည်။ အဆိုပါ ဟောပြောပွဲသို့ ဝိုင်းမော်မြို့နယ် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဦးစွာပြည်နယ်ဝန်ကြီးက ‘ဝိုင်းမော်မြို့နယ်သည် ကချင်ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် သဘာဝအရင်းအမြစ်များကို အခြေခံသည့် လုပ်ငန်းအများအပြားဆောင်ရွက်နေသော မြို့ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစက်မှုလုပ်ငန်းမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံမှုမရှိဘဲ မီးရှို့ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေနိုင်ကြောင်း၊ ဝိုင်းမော်မြို့ဟာ ပြည်နယ်အတွင်း မီးလောင်မှုကြောင့် Fire Hotspot အများဆုံး…