အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှု မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် အသက်(၁၅) နှစ်အထက်နှင့်အောက် လူငယ်များအတွက် မီနီမာရသွန်အပြေးပြိုင်ပွဲကို နိုင်ဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နံနက် ၆ နာရီတွင် ပြည်သူ့အားကစားကွင်းရှေ့ စုရပ်၌ မီနီမာရသွန်အပြေးပြိုင်ပွဲဝင် ဦးရေ (၃၀၀၀)ဦးတို့အား တာလွှတ်ပေးကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အသက်(၁၅)နှစ်အထက် ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အသက် (၁၅)နှစ်အောက် ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက်၍လည်းကောင်း တာလွတ်ပေးကြရာ ပြိုင်ပွဲဝင်များသည်…