ကချင်ပြည်နယ်

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ကချင်ပြည်နယ်နှင့် နုကျန်း ပြည်နယ်ခွဲတို့အကြား

မြစ်ကြီးနား     သြဂုတ် ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ် ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးခဲ့သော လုပ်ငန်းစီမံကိန်းများမှ

မြစ်ကြီးနား     သြဂုတ် ၂၃           ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီ တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးကလပ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ သြဂုတ် ၂၃ ရက် နံနက် ၉ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက် ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒူဒူအသင်းနှင့် ထိန်လင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့် ရှုအားပေးခဲ့ကြရာ ဒူဒူအသင်းက ၁၀ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနနှင့် ရှမ်းမျိုးစုများ၏ ပထမအကြိမ် စုပေါင်းဝါသိုသင်္ကန်းကပ်လှူပွဲကျင်းပ

မြစ်ကြီးနား     သြဂုတ် ၂၂           ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူး၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ရှမ်းမျိုးနွယ်စုများ၏ ပထမ အကြမ် စုပေါင်းဝါသိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီခွဲက မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အခမ်းအနားကို စိန္တာမဏိလိုရာပြည့်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ စိန္တိတ အမှူးပြု‌သော ဆရာတော်/ သံဃာတော်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး ဒေါ်သွဲ့လေးအောင်၊ ဦးစီးဌာနအရာထမ်း၊ အမှုထမ်းများနှင့် ရှမ်းမျိုးစု များမှ တာဝန်ရှိသူများက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များကို နာယူကြသည်။ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်

မြစ်ကြီးနား     သြဂုတ် ၂၂            ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲ၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေး အခမ်းအနားနှင့်

မြစ်ကြီးနား     သြဂုတ် ၂၁           ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်း အနားကို သြဂုတ် ၂၁ ရက် နံနက် ၈ နာရီခွဲက အဆိုပါ ကောလိပ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေစင်ရွှေသား၊ ‌ရွှေသင်္ကန်းအသစ်တဖန်ကပ်လှူပူဇော်မည်

မြစ်ကြီးနား     သြဂုတ် ၂၁           ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ် တွင် တည်ထားကိုးကွယ်ခဲ့သည့်အပြင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ထီးတော်တင်လှူခဲ့သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းတော် တစ်ဖန်ကပ်လှူနိုင်ရေး သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ ရွှေမိုးတောင်စေတီမြတ်ကြီးကို မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ယခင် ဆရာတော်ကြီး၏ သြဝါဒပြုမှု၊ လမ်းညွှန်မှုနှင့် နိုင်ငံတော်အကြီးအကဲအမှူးပြုသော စစ်ဘက်၊ နယ်ဘက်အဖွဲ့အစည်းအသီးသီး၊ စေတနာအလှူရှင်များ စုပေါင်းပါဝင်ကုသိုလ်ဖြင့် ၂၀၁၈ ခုနှစ်တွင် ရွှေထီးတော်နှင့် ရွှေသားရွှေစင်တစ်ပိဿာကျော်ဖြင့် ရွှေသင်္ကန်းတော်ကို အများကြည်ညိုသပ္ပါယ်ဖွယ် ဖူးမြှော်နိုင်ရေး ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၅ နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ရာသီ ဥတုဒဏ်၊ လေမိုးဒဏ်တို့ကြောင့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၂၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အလှပန်းခြံငယ်၊ ဈေးဆိုင်ခန်းများဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရာ သြဂုတ် ၁၉ ရက် ညနေ ၃ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင် ရာများနှင့်အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင် ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း  စိုက်ထည့် ပေးထားသည့် ငါးသားပေါက်များ တရားမဝင်ငါးဖမ်းခြင်း မပြုလုပ်စေရေး

မြစ်ကြီးနား     သြဂုတ် ၂၀           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဗလမင်းထင်ဧက ၁၀၀ တင်း ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ငါးသားပေါက် ကောင်ရေ ၂ သိန်း စိုက်ထည့်ခဲ့ပြီးဖြစ်ရာ သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက တရားမဝင် ငါးဖမ်းဆီး ခြင်းမပြုရေး ပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ငါးစာတောင့်များ ကျွေးမွေးခြင်းကို ဆောင်ရွက် ခဲ့ကြသည်။           အဆိုပါ မိုးစပါးစံပြစိုက်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်းအတွင်း သြဂုတ် ၁၅ ရက်နေ့က တောင်သူများအတွက် ငါးမြစ်ချင်းသားပေါက်ကောင်ရေ နှစ်သိန်း စိုက်ထည့် ပေးခဲ့ခြင်းဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ လုပ်ကွက်ငယ်ငါးမွေးတောင်သူများနှင့်အတူ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးနှင့် မနောကွင်းအတွင်း သစ်ပင်ပေါင်း ၃၀၀၀၀ ကို စုပေါင်းစိုက်ပျိုးပေးပြီး မြစ်ကြီးနားတက္ကသိုလ် သတ္တဗေဒဌာနမိသားစု၏

မြစ်ကြီးနား     သြဂုတ် ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့ရွာများ သန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘုရားကျောင်းကန်နေရာများ၊ အများပြည်သူဝင်/ ထွက်သွားလာရာနေရာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၉ ရက် နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြသည်။           ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းဝင်း များအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အမှိုက် များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေမြောင်းများ တူးဖော်ပေးခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိသန့်ရှင်းရေး၊ စိမ်းလန်းနှင့် ညစောင့်လုပ်သား (၂၄၃)ဦးတို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများထောက်ပံ့

မြစ်ကြီးနား     သြဂုတ် ၁၈           ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား၊စိမ်းလန်း လုပ်သားများနှင့် ညစောင့်လုပ်သားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာ ယာရေးဝန်ထမ်းများသည် မြို့/ရွာများ သန့်ရှင်းသာယာလှပလာစေ‌ရေးအတွက် ဆောင်ရွက်ရသော ဝန်ထမ်းများဖြစ်သဖြင့် သန့်ရှင်းရေးဝန်ထမ်းများ၏ မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေ ရေး တစ်ဖက်တစ်လမ်း အကူအညီဖြစ်စေရေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် မိမိတို့အနေဖြင့် ဝန်ထမ်းများအား အခါအားလျှော်စွာထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ &Read More