ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၁၁           ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင် ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေးအတွက် စိုက်ပျိုးရေ အပါအဝင် သွင်းအားစုများကို  ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ မိုးစပါးစိုက်ဧကများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။         &Read More

Uncategorized ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြစ်ကြီးနားတက္ကသိုလ်တွင် ဒုတိယအကြိမ်နှင့် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)တွင် ပထမအကြိမ်ကျင်းပပြုလုပ်

မြစ်ကြီးနား     သြဂုတ် ၁၀           ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမ၌ ကျင်းပရာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်အမှာစကားပြောကြားသည်။           ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက ယခုကဲ့သို့ စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပပေးခြင်း၊ ပါဝင်ဆွေးနွေးကြခြင်းအားဖြင့် အနာဂတ်တွင် နိုင်ငံတာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ခေါင်းဆောင်ကြမည့် လူငယ်/ လူရွယ်များအနေဖြင့် အပြန်အလှန် ဆွေးနွေးတတ်ခြင်း၊ စာပေဗဟုသုတများ ဖတ်ရှုလေ့လာခြင်းအားဖြင့် အသိအမြင်များ ကျယ်ပြန့်ပြီး ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထ၊ အတွေးအခေါ်ကောင်းများ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင် စွမ်းများနှင့် ပြည်စုံလာမည် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး

မြစ်ကြီးနား     သြဂုတ် ၇           ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာ ထုတ် ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းအားဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရေးနှင့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက် နံနက် ၉ နာရီက ကျေးရွာနေပြည်သူများအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိ ရသည်။           အဆိုပါ စီမံကိန်းလုပ်ငန်းများဖြင့် ဖွင့်လှစ်ပေးသွားမည့် အခြေခံနှင့် မွမ်းမံ စက်ချုပ်သင်တန်း၊ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်ပြီး ယခုလို လုပ်ငန်းစီမံကိန်းများဖြင့် အသေးစား ကုန်ထုတ် လုပ်မှုသင်တန်းများ၊ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် အသေးစားကုန် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နောင်စပ်အင်းနှင့် တာလောကြီးအင်း အတွင်း ငါးမျိုးစိုက်ထည့်မွေးမြူရန် ငါးသားပေါက်ကောင်ရေ (၂)သိန်းနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပြီး

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေ ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်း နောင်စပ်အင်းနှင့် တာလောကြီးအင်းအတွင်း ငါးမျိုးစိုက် ထည့်မွေးမြူရန် ငါးသားပေါက်နှင့် ငါးအစာအိတ်များ ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် မိုးစပါးအပြင် သီးထပ်များဖြင့် စွမ်းအားပြည့်စိုက်ပျိုး လာနိုင်ရေးသွင်းအားစုများ ကြိုးပမ်းထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် သား/ငါးထုတ်လုပ်မှုကဏ္ဍ တွင်လည်း ပြည်နယ် တွင်းဖူလုံစေရေးသာမက နိုင်ငံအတွက်ပါ ဖူလုံစေရေးအတွက် ရည်မှန်းချက် ထား၍လိုအပ်သည့်သွင်းအားစုများကို ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ ယနေ့အခမ်းအနားတွင် နောင်စပ်အင်းနှင့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိအောင်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအလိုက် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်း ဆောင်ရည်ဆုရရှိခဲ့သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုများ ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း (၂၈)သင်းရှိ မိုးစပါးစိုက် တောင်သူ (၁၁၆၉)ဦးတို့တွက်  တစ်ဧကအထွက်နှုန်းတိုးရေး ငွေကျပ် ၁၁၉၂

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် မိုးစပါး တစ်ဧကအထွက်နှုန်းတိုးပွားရေး အတွက် မြို့နယ်ပေါင်း (၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း (၂၈)သင်းရှိ အသင်းသားမိုးစပါးစိုက် တောင်သူ (၁၁၆၉)ဦးတို့အတွက် ငွေကျပ် ၁၁၉၂ သန်းတန်ဖိုးရှိ သွင်းအားစုများပေးအပ်ခြင်းနှင့် စံပြ ကျေးရွာများသို့ လယ်ယာသုံးစက်ကိရိယာများပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့် အမျိုးသားရေး ရည်မှန်းးချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးနှင့် စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ စိုက်ပျိုးမြေအားလုံးတွင် သီးထပ်စွမ်းအားပြည့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး

မြစ်ကြီးနား     သြဂုတ် ၃           နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ များ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက အဆိုပါ တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုစွမ်းအား တိုးချဲ့မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စီမံချက်ရေးဆွဲထားရှိရေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာ/ ပြည် နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လည်းကောင်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး နှင့် Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများတိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။           ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက် ဗလမင်းထင်စံပြစိုက်ကွက် ဧက ၁၀၀ တင်း ၁၀၀ စိုက်ကွင်း အတွင်း မန်ခိန်ကွင်းနှင့် တပ်ကုန်းကွင်းတို့တွင် အထွက်တိုး ဆင်းဧကရီRead More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း သားငါးဈေးနှုန်းတည်ငြိမ်ရေး မြစ်ကြီးနားဈေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ သား/ ငါးဈေးနှုန်းနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ဈေးများဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာမှုရှိစေ ရေးနှင့် အများပြည်သူဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကုန်ဈေးနှုန်းမြှင့်တက်လာမှုအပေါ် တည်ငြိမ်စေရေး မိမိတို့အနေဖြင့် ဝိုင်းဝန်းသုံးသပ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် သားငါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများကို ထုတ်ချေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဈေးများသန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင်တင်နိုင်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။           […]Read More