
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးရှိ ဆင်အိုင်ကွင်းအတွင်း ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် စည်ပင်သာယာရေးအဖွဲ့မှ စွန့်ပစ်အမှိုက်ကန် ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၁၁ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီး ဆင်အိုင်ကွင်းအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဆင်အိုင်ကွင်းအတွင်း ပိုင်ရှင် ဦးသိန်းဝင်း၏ ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေဧရိယာ (၇ ဒဿမ ၃၀ )ဧကအတွင်း မွေးမြူရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကွင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ခွင့်ပြုပေးခဲ့သည့်အခြေအနေများ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားမှုများအပေါ် စိစစ်ဆောင်ရွက်လျက်ရှိ သည့်…