admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားအကျဉ်းထောင်၌ ကျင်းပသည့် မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/အကျဉ်းသူများ၏ တေးသီချင်းဆိုပြိုင်ပွဲအား တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၂၃           ကချင်ပြည်နယ်အကျဉ်းဦးစီးဌာန၊ မြစ်ကြီးနားအကျဉ်းထောင်၌ အကျဉ်းသား/ အကျဉ်းသူများအား အကျဉ်းထောင်သာသနာ (YCC Foundation)အဖွဲ့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုးကျိုးအသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/ အကျဉ်းသူများ၏ မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်း သီချင်းဆိုပြိုင်ပွဲ Grand Final ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက အဆိုပါအကျဉ်းထောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က အကျဉ်းသား/ အကျဉ်းသူများအတွက်  အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အကျဉ်းသား/ အကျဉ်းသူများအတွက် တေးသီချင်းသီဆိုပြိုင်ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အကျဉ်းသား/ အကျဉ်းသူများအနေဖြင့် ယခုလို…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဗန်းမော်ခရိုင်မှ ယာယီတိမ်းရှောင်နေထိုင်ကြသော နေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ပြင်ဦးလွင်၊ နိုဝင်ဘာ ၂၂ ကခငွပြှညနြယအြစိုးရအဖှဲ့၏ လမြးညှှနမြှုဖှင့ြ ပှညနြယအြစိုးရအဖှဲ့ဝငြ တိုငြးရငြးသားရေးရာဝနကြှီး ဦးကွောမြငြးခိုငသြညြ မနျတလေးတိုငြးဒသကှေီး၊ ပှငြဦးလှငခြရိုငြ၊ ပှငြဦးလှငမြှို့နယအြတှငြး ဗနြးမောခြရိုငအြတှငြးမှ နယမြှအခှေအနေအရေ ထှကပြှေးတိမြးရှောငြ၍ ယာယီခိုလှုံနထေိုငလြကွရြှိသော နရပေစြှန့ခြှာပှညသြူမွားအား နိုဝငဘြာ ၂၂ ရကြ နံနကပြိုငြးက မှို့လယရြှှစညြေးခုံကွောငြးတိုကြ၊ ဆကေိနျဒာရာမရှှကွေောငြးတိုကနြှင့ြ သီရိမငြျဂလာကွောငြးတိုကတြို့ရှိ ဓမျမာရုံအသီးသီးတို့တှငြ သှားရောကတြှေ့ဆုံအားပေးကာ အိမထြောငစြုမွားအတှကြ  အခှခေံစားသောကကြုနမြွား ထောကပြံ့ပေးအပခြဲ့သညြ။ အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးက မိမိတို့ ပြည်နယ်အတွင်းမှ အခြေအနေအရပ်ရပ်ကြောင့် ပြောင်းရွေ့နေထိုင်သည့် မိသားစုများအားလုံးကို ပြည်နယ်တွင်း၌ သော်လည်းကောင်း၊ တခြားတိုင်း‌ဒေသကြီးများတွင်လည်းကောင်း ယာယီခိုလှုံနေထိုင်မှုများအတွက် အိမ်ထောင်စုများအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့နိုင်ရေး စီမံထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေး နိုင်ရေး လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၂           ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပရန်သည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက အလေးထားလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် အဓိကတာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ကိုင်တွယ်သူ၊ မှင်တို့သူများအနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်သည်အထိ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားကြရန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲက မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက် အဦသစ်တည်ဆောက်နေမှုနှင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  နိုဝင်ဘာ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများနှင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ရေလျှံတာကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်ခိန်ရပ်ကွက်အတွင်း၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၏ ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မြန်မာအီလက်ထရောနစ် မဲပေးစက်များအား စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် အဆိုပါရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- ၄ / ယောရင်ကွင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ၊ အာဆီယံအသိအမှတ်ပြု နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲသို့တက်ရောက်၊ နိုင်ငံတော်အဆင့် သင်္ချာနှင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်(၉)နာရီက စီတာပူရပ်ကွက်အတွင်းရှိ Hotel AUTUMN တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဖွင့်လှစ်ပေးခဲ့သော ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုးနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာအဖြစ်သင်တန်း (ASEAN National Trainer)ဆင်းပွဲသို့ တက်ရောက်ခဲ့သည်။           အဆိုပါ သင်တန်းဆင်းပွဲတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ကချင်ဇုန်)၏ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းမင်း(အထွေထွေမန်နေဂျာ၊ Jade Garden Hotel)က သင်တန်းတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေးဆရာဖြစ် သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ဗီဒီယိုကလစ်ဖြင့် ရှင်းတင်းတင်ပြသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုသင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများ၏ အရည်အသွေးပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံတိုင်ရင်းသားညီအစ်ကို မောင်နှမများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်းပိုမိုပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းများတိုး တက်အောင်မြင်စေရေးအတွက်…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိုင်းနားကျေးရွာအတွင်း ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ဝိုင်းမော်         နိုဝင်ဘာ ၂၀           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက် ၉ နာရီက ဗန်းမော်ခရိုင် ဗန်းမော်နှင့်မိုးမောက်မြို့နယ်များ၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တို့မှ ဝိုင်းမော်မြို့နယ်၊ မိုင်းနား‌ကျေးရွာအုပ်စု၊ မိုင်းနား RC စခန်းအတွင်း၌ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိကြသော အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ မိုင်းနား (RC) စခန်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အေးသောရာသီရောက်ရှိပြီဖြစ်သည့်အတွက် ခြုံစောင်များကို မိသားစုအလိုက် တတ်နိုင်သလောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိသားစုများအတွက်အတတ်နိုင်ဆုံးစဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးက ဗန်းမော်ခရိုင်၊ ဗန်းမော်နှင့်…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး အောင်နန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်အတွင်းရှိ ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     နိုဝင်ဘာ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်များအတွင်း ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိကြသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်နန်းရပ်ကွက် အီဒါကွင်းအတွင်းရှိ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၀)တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆောင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ခြုံစောင်များကို မိသားစုအလိုက် တတ်နိုင်သလောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိသားစုများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးက ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၀)တို့အတွက် ဆန်(၆)ပြည်ပါအိတ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအတွင်း ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား နိုဝင်ဘာ ၁၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ယာယီနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၃ နာရီက ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။           ထိုသို့တွေ့ဆုံရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများက အဆိုပါ ယာယီတိမ်းရှောင်စခန်း (၁၉)မှ အိမ်ထောင်စု (၂၄၀၄)စုတို့အတွက် ဆန်အိတ် (၅၀၀)၊ ဆီပိဿာ (၅၀၀)နှင့် ကြက်ဥအလုံး (၅၀၀၀)တို့နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံ ဒါဇင်(၃၀၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ စခန်းတာဝန်ခံများက စခန်းအလိုက် မိသားစုများနေအိမ်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာကိစ္စရပ်များကို အသီးသီးတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု၏…

Read More

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၆           လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။           အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်‌ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ လျှပ်စစ်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပိုမိုတိုးတက်ဖြန့် ဖြူးပေးနိုင်ရေးအတွက် ပို့လွှတ်ရေးဓာတ်အားလိုင်းများနှင့် ဖြန့်ဖြူရေးဓာတ်အားလိုင်းများ…

Read More

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ

မြစ်ကြီးနား     နိုဝင်ဘာ ၁၄           နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ကချင်ပြည် နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံခဲ့ကြသည်။           ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေး အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအား တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ခေါင်းဆောင်များက ဂါဝရပြုမိတ်ဆက်ခဲ့ကြသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကချင်ပြည်နယ်ဟုဆိုသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များနည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်ကို  တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊…

Read More