admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲပြီး မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁၀           ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒုတိယအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက် နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကာ တစ်ပျော်တစ်ပါး…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်သော ကျေးရွာများနေ ရေလုပ်သားတောင်သူများအတွက် မတည်ငွေများ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၉           နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာကော်မတီများထံ ငါးလုပ်ငန်းဦးစီးဌာနမှ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ် လုပ်မှုများ တိုးမြှင့်နိုင်ရေးအတွက် ရင်းနှီးမတည်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်မည့် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၆)နှင့် ခေါင်ဖူးကျေးရွာဟောင်း ကျေးရွာတွင် ရေလုပ်ငန်းလုပ်ကိုင်သူ (၈၀)ဦးတို့အား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း…

Read More

ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် စိစစ်လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈           ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် စခန်းများအပေါ် စိစစ်လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ‌ကော်မတီအဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင် များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထား…

Read More

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မနောပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေး‌နွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့သည် (၇၅)နှစ် မြောက် စိန်ရတုပြည့်နှစ် ဖြစ်သည့်အတွက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား တွင် မနောပွဲတော်၊ ဒေသထုတ်ကုန်ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ပြီးနောက် ၆ ရက်အကြာတွင် ကချင်ပြည်နယ်နေ့အဖြစ်…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများထံ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၇           နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာများထံ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် အညီ လွှဲပြောင်းပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင် ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိူးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကျေးရွာများထံ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလက်ဝယ်အရောက်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ၊ပြည်နယ် အဆင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားမှုူ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်အားပေးခဲ့ကြသည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်ကလေးအလုပ်သ မားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ ၏ လုပ်ငန်းတာဝန်များနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ယခုလို သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် မည်သည့်ပညာရပ်ကို မဆို ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင်လည်း သက်မွေးပညာရပ်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း မှာကြားသည်။          …

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်၊နောင်ချိန်းကျေးရွာအုပ်စု ၊အင်ဂန်းကျေးရွာမှ မီးဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဒီဇင်ဘာ ၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာ ၌ဒီဇင်ဘာ ၁ ရက်နေ့က ညပိုင်းတွင် မီးလောင်ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မိသားစုဝင် (၇)ဦး မီးဘေးသင့်သေဆုံးခဲ့ရာ ကျန်ရစ်သူမိသားစုများအား ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သွားရောက်အားပေးထောက်ပံ့ ခဲ့ကြသည်။           ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မီးဘေးသင့်မှု ကြောင့် မိသားစုဝင်များ သေဆုံးခဲ့ရသည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ထပ်တူထပ်မျှ ဝမ်းနည်း မိပါကြောင်း၊ ယနေ့ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိကြောင်း အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နေကြာသီးနှံ လျာထားချက် ဧက ၁၀၀၀၀ ကျော် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၅           ကချင်ပြည်နယ်အတွင်း ‌ဒေသဝမ်းစာဖူလုံရေးအပြင် ဆီစားသုံးမှုဖူလုံရေးအတွက် ဆီထွက် သီးနှံနေကြာ လျာထားချက်ပြည့်မီအောင် သိပ္ပံနည်းတကျ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ခရိုင်အလိုက် လျာထား ဧက ၁၀၆၄၀ ကို စီမံချက်ရေးဆွဲဆောင်ရွက်ထားခဲ့သော်လည်း လျာထားဧကထက် ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်သည့် မြေဧရိယာများလည်း များစွာရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မြေပြင်အမှန်ကွင်းဆင်းခြင်း၊ စိုက် ပျိုးနိုင်သည့် မြေဧရိယာဖော်ထုတ်ခြင်း၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ရရှိရေးအပြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၃           ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရမှ ဦးဆောင်၍ ပထမအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ ပါဝင် ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူ များစုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ထိုမှတစ်ဆင့် သခင်နက်ဖေလမ်း အတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်းသို့…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၃           ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  á€’á€ąá€žá€–á€˝á€śá€ˇá€–á€źá€­á€Żá€¸á€á€­á€Żá€¸á€á€€á€şá€œá€Źá€…á€ąá€›á€ąá€¸á€Ąá€á€˝á€€á€ş ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် အချိန်မှ စတင်၍ ပြည်နယ်အေးချမ်းတည်ငြိမ်ရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့သို့ လုပ်ငန်းဆောင်ရွက်ကြသည့်အခါ တွေ့ကြုံ လာသည့် အားနည်းချက်၊ အားသာချက်များကို ယခုလို…

Read More