ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်စေရေး လူထုပူးပေါင်းပါဝင်သည့် စုပေါင်းသန့်ရှင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အေးမြသာယာရပ်ကွက် သံလမ်းကူးလမ်းဆုံနေရာမှ ဂျာမိုင်ကောင်းရပ်ကွက်၊ မြို့သစ်ကြီးကွက်သစ်၊ မြေမြင့်ရပ်ကွက်၊ မိုင်းတဲကွေ့လမ်းဆုံ၊ ရန်ကြီးအောင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားဘူတာအထိ မီးရထားသံလမ်းတစ်လျှောက် အပိုင်း (၈) ပိုင်းဖြင့် နေရာခွဲဝေသတ်မှတ်ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများနှင့် စိမ်းလန်းစိုပြည်ရေးအဖွဲ့များ၊…