ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း E-Government စနစ် ပိုမိုပြီပြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်း များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ တနိုင်းခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေး e-Government လုပ်ငန်းများ ပိုမိုပြီပြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှေးပြေးအစီအမံလုပ်ငန်းများဖြစ်သည့် Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းအစီအစဉ်များအပေါ် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ Digital စနစ်သို့ ကူးပြောင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် e-Government လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ (၅)နှစ် စီမံကိန်းဖြင့် လုပ်ငန်းစီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ အစည်း အဝေးတွင်…