ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားနှင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ပြည်နယ်အဆင့် (ဒသမအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများသို့ တက်ရောက်
မြစ်ကြီးနား ဇူလိုင် ၅ “သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၅) ရက်နေ့တွင် ကျရောက်သည့် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ်ကုန်ပြခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ရုံးအတွင်းရှိ ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတကာသမဝါယမများက မျှဝေခံစားတတ်သည့် လူ့ကျင့်ဝတ်ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် ကမ္ဘာတစ်ဝှမ်းလုံးက သဘောတူလက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံးကြိုးစားအားထုတ်ပြီး မိမိတို့ နိုင်ငံ၏ အနာဂတ်ဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် သမဝါယမ၏…