ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၀န်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီကယ်ဆယ်ရေး စခန်းများရှိ အိမ်ထောင်စု(၁၆)စုအား အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် တန်ဘိုးနည်း အိမ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေး

မြစ်ကြီးနား     နို၀င်ဘာ ၂၂ ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့၀င်  ပြည်နယ်၀န်ကြီးများ၊‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် အတူ   နို၀င်ဘာ ၂၁ ရက်နေ့ ‌မွန်းလွဲ ၁ နာရီ အချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီကယ်ဆေးရေး စခန်းများမှ အိမ်ထောင်စု (၁၆)စုအား ပလန ကျေးရွာအုပ်စု ၊ငွေပျော်စံပြကျေးရွာ အတွင်း အသစ် ဆောက်လုပ်ပြီးစီးခဲ့သည့် တန်ဘိုးနည်း အိမ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ်က IDPs စခန်းများရှိ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် လိုအပ်သည်များအား အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ IDPsစခန်းများအတွက် လူသားချင်း စာနာ‌ထောက်ထားမှု အကူအညီများ‌‌ပေးနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး ၊လူနေမှုဘ၀ ဖွံ့ဖြိုး […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၀န်ကြီးချုပ်က (၇၅) နှစ်မြှောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဥ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှု ပြိုင်ပွဲသို့ တက်ရောက်

မြစ်ကြီးနား             နိုဝင်ဘာ ၂၁ ၇၅နှစ်မြှောက်စိန်ရတု ပြည်ထောင်စုနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ကချင်ပြည်နယ်၏    “တူယှဥ်နွဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ရက် နံနက် ၁၀နာရီအချိန်က  မြစ်ကြီးနား မြို့ မြို့တော်ခန်းမမှာကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အစိုးရအဖွဲ့ဝင်ပြည်နယ် ဝန်ကြီးများ၊ပြည်နယ်ဥပေဒေချုပ် နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အဆိုဝါသနာရှင်များတက်ရောက်ခဲ့ကြပါတယ် ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ယခုကျင်းပတဲ့ အဆိုပြိုင်ပွဲဟာ ၂၀၂၂ခု နှစ်ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင်ကျရောက်မည့် ၇၅ နှစ်စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဥ်ဖြင့် ကျင်းပပြုလုပ်တဲ့ “တူယှဥ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်း သီဆိုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ယှဥ်ပြိုင်နိုင်ဖို့အတွက် အဆိုပညာရှင်များ ရွေးချယ်ခြင်းဖြစ်‌‌ကြောင်း၊ အဆိုပါပြိုင်ပွဲအား ၇၅နှစ်မြှောက်စိန်ရတုပြည်ထောင်စုနေ့ကို ပြည်သူများမှတ်မှတ်ထင်ထင် သိရှိစေပြီးစစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားစေရန် နှင့်ကိုဗစ်ရောဂါ ကာလ အတွင်း ကိုယ်စိတ်နွမ်းနယ်လျက်ရှိတဲ့ပြည်သူများ အားဖျော်ဖြေပေးနိုင်ရန်အတွက် ရည်ရွယ်၍ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၀န်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရွှေမိုးတောင်ဘုရား ပရ၀ဏ်နှင့် မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်း စု‌ပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ အမှုထမ်းအဆင့် အခြေခံ

မြစ်ကြီးနား     နို၀င်ဘာ ၂၀ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သတ်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပ‌ဒေချုပ် ၊တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊တပ်မတော်သားများနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များစုပေါင်း၍ ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား နို၀င်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ နံနက်၇နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့၀င်များသည် ဝိုင်းမော် မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပရဝုဏ် အတက်/အဆင်း လမ်းများရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်း ကောက်ယူခြင်းလုပ်ငန်းများကို ဝိုင်းမော်မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော် သားများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ  အဆိုပါ ရွှေမိုးတောင်ဘုရားတွင်ဆောက်လုပ်ထားသည့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၀န်ကြီးချုပ်က IDPs စခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ ကိစ္စရပ်များအား ဘာသာရေးခေါင်းဆောင်များ၊IDPs စခန်းတာ၀န်ခံများနှင့်

မြစ်ကြီးနား            နိုဝင်ဘာ၁၉ ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား နို၀င်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန် ၊အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ ၊ IDPs စခန်းများမှ တာ၀န်ခံ များနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်သည်။ ဉီးစွာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဉီးခက်ထိန်နန်က ပြည်တွင်းနေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး ကိစ္စရပ်များအတွက် လုပ်ငန်းကော်မတီများ ကျစ်လစ်စွာ ဖွဲ့စည်းကာ လက်တွေ့ ထိရောက်အောင်မြင်အောင် ဆောင်ရွက်‌ရန် အစည်းအဝေးသို့ တက်ရောက်လာသော တာ၀န်ရှိ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဆီမီး ထွန်းညှိပူဇော်ခြင်း နှင့်စတုဒိသာ ကျွေးမွေးခြင်းတို့အား ထုံးတမ်းစဥ်လာနှင့်အညီ

မြစ်ကြီးနား          နိုဝင်ဘာ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ တန်ဆောင် တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အား ဆီမီးထွန်းညှိပူဇော်ခြင်း ၊ ရှင်ဥပဂုတ္တ ဖောင်တော်မျှောခြင်း ၊ ဆီမီး(၁ဝဝဝဝ) မီးမျှော ပူဇော်ခြင်း၊ မီးအလှထွန်ညှိခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်းတို့အား နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၆ နာရီအချိန်မှ စတင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓလေ့ထုံးတမ်းများနှင့်အညီ ပြုလုပ် ကျင်းပခဲ့ကြသည်။     &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၂ဝ၂၁)ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧကာဒဿမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (ဧကာဒဿမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်၉နာရီခွဲ အချိန်က  မြစ်ကြီးနားမြို့ ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ‌‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွက်ဆို၍  ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ထံမှ  တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည် ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် အခြေခံရေကူးသင်တန်းအား ဖွင့်လှစ်ပေးပြီး တန်ဆောင်‌တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား         နိုဝင်ဘာ ၁၆ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ရေကူးဆပ်ကော်မတီ တို့ ပူးပေါင်းဖွင့်လှစ်သည့် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အခြေခံရေကူး သင်တန်း ဖွင့်ပွဲအား နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မနောဧရာ ရေကူးအားကစား လေ့ကျင့်ရေးကန်တွင် ကျင်းပပြုလုပ်သည်။ ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း ၊ ပြည်နယ်တရား သူကြီးချုပ် ဦးတူးဂျာနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများအား ရေကူး သင်တန်းသား/သူ များက ဂါဝရပြု မိတ်ဆက်သည်။ ထို့နောက် ပြည်နယ်ရေကူးဆပ်ကော်မတီ ဥက္ကဌ ဦးသောင်းကြည်မှ ရေကူးသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။  အဲ့ဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က  “ရေကူးအားကစားနည်းဟာ လူတိုင်းတတ်ထား သင့်တဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး အစဉ်အမြဲလေ့ကျင့်ကူးခတ်နိုင်ပါက ကိုယ်နေဟန်ထား လှပခြင်း၊ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့‌၌ တည်ထောင်ဖွင့်လှစ်သွားမည့် အား/ကာ သိပ္ပံ ကျောင်း မြေနေရာနှင့် နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း

မြစ်ကြီးနား        နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မြစ်ကြီးနား မြို့၌ တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး တို့အား နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး တို့သည် ပြည်နယ်ဝန်ကြီးများ၊တပ်မတော် အရာရှိကြီးများ ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး အတွက် လျာထား သတ်မှတ်ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောက် ပယ်‌ဖျတ်ကွင်းအတွင်းရှိ မြေနေရာနှင့် အဆိုပါ‌‌ကျောင်းလျာထားမြေနေရာ အဝင်လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး သတ်မှတ်မြေဧရိယာအတွင်း အား/ကာ သိပ္ပံကျောင်း အပါအဝင် မြို့ပြ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့် ရှေရှည်စီမံကိန်းလုပ်ငန်း […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်/ကောလိပ်/ အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား          နိုဝင်ဘာ ၁၅ တက္ကသိုလ်/ကောလိပ်/အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁)အား နို၀င်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ်   ဗိုလ်မှူးချုပ် မြတ်သူစိုး ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်သည်။ ရှေးဦးစွာ ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ”  ပြည်နယ်အတွင်း ကျောင်းအပ်နှံသည့် အခြေခံပညာ ကျောင်းသား/သူ  ၅၆၈၃၇ ဦး ရှိသည့်အနက် ၅၅.၃၁ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ၀န်ကြီးချုပ်က “ပန်းခင်းစီမံချက်”ဖြင့် အောက်တိုဘာလအတွင်း ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့် အိမ် ထောင်စုလူဦးရေ စာရင်းများအား

မြစ်ကြီးနား            နိုဝင်ဘာ ၁၅ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံး၏ အောက်တိုဘာလအတွင်း ”ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောက်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စီစစ်ရေးကဒ်နှင့် အိမ်ထောင်စုဇယား ပေးအပ်ပွဲအား နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စီစစ်ရေးကဒ်ပြားဟာ ပြည်သူများ၏ လူမှုရေး၊စီးပွားရေး ၊ကျန်းမာရေး၊ပညာရေး အစရှိသော  နေရာများတွင် အသုံးပြုနေရတာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံသားစီစစ်ရေး  ကဒ်ပြားဆောက်ရွက်ပေးခြင်းဟာ နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးတာကြောင့် မိမိရဲ့ ကိုယ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးဖို့လိုမှာဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက လွယ်ကူလျှင်မြန်စွာ ရရှိမှာဖြစ်ပါကြောင်း၊ ရရှိလာတဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားနဲ့ အိမ်ထောင်စုယားများအား ရိုရိုသေသေ ၊ စနစ်တကျ […]Read More