ကချင်ပြည်နယ်ဝန်ကြီးချူပ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်း မဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အသီးသီး၌ ယာယီခိုလှုံနေထိုင် လျက်ရှိသော ဗန်းမော်ခရိုင်အတွင်းမှ ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသပေး နေမှုအား ကြည့်ရှုအားပေး
မြစ်ကြီးနား နိုဝင်ဘာ ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပွဲတော်ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မနောကွင်းအဝင်ပေါက်မှတစ်ဆင့် မဂျွယ်ခန်းမ၌ ကျင်းပမည့် ပွဲတော်သို့ လာရောက်ကြသည့် ဧည့်သည်တော်များအား ဘင်ခရာအတီးအမှုတ်အဖွဲ့တို့နှင့် ကချင်ရိုးရာဧည့်ကြိုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ကြိုတင်ဆောင်ရွက်ကြမည့် အစီအစဉ်များ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့က ကြိုဆိုခေါ်ဆောင်သွားမည့် အစီအစဉ်များနှင့် မဂျွယ်ခန်းမရှေ့ ပွဲတော်မုဒ်ဦး၌ ဖဲကြိုးဖြတ်ဖွင့်လှစ်သွားမည့် အစီအစဉ်များ၊…