
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
မြစ်ကြီးနား စက်တင်ဘာ ၁၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက စက်တင်ဘာ ၁၁ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက် အသီးသီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်း၍ ဒူကထောင်ရပ်ကွက်၊ ဂေါက်ကွင်းရှေ့မှ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျှောက်မှစတင်၍ သီတာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းလမ်းဘေးဝဲ/ယာတစ်လျှောက်တို့ ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက် ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏…