ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည် လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများအား နွေးထွေးစွာ လက်ခံကြိုဆို
မြစ်ကြီးနား သြဂုတ် ၁၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်း ပြည်နယ်ခွဲထံမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်လွှဲ ပြောင်းလာသော မြန်မာနိုင်ငံအတွင်းရှိ အရပ်ဒေသအသီးသီး ပြည်သူ (၂၉၁)ဦးတို့အား သြဂုတ် ၁၇ ရက် ညနေ ၆ နာရီတွင် မြစ်ကြီးနားမြို့၌ နွေးထွေးစွာ လက်ခံကြိုဆိုကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းစန်းပြည်နယ်ခွဲမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ် ဂိတ် သို့ သြဂုတ် ၁၆ ရက်က မြန်မာ-တရုတ်ချစ်ကြည်ရေးလှိုင်ခေါင်းမှ တစ်ဆင့် မြန်မာနိုင်ငံသား ကျား ၁၇၂ ဦးနှင့် မ ၁၁၉ ဦးတို့အား ပြန်လည်လွှဲပြောင်းပေးပို့ရာ ကန်ပိုက်တီနယ်စပ်စစ်ဆေး ရေးဂိတ်၌ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးတို့…