ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     သြဂုတ် ၁၂

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဘာသာ ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှု အား ကောင်းလာသည်နှင့်အမျှ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်-၁၉ ကို စနစ်တကျဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး သြဂုတ် ၁၂ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းဖွင့်လှစ် ပေးခဲ့သည်။

          အဆိုပါ သင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအ နားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အမြန် ဆုံးနည်းလမ်းဖြင့် ပြတ်ပြတ်သား ထိန်းချုပ်တိုက်ထုတ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ယခု သင်တန်းသည် ပြည်နယ်အသင်းရှိ အဖွဲ့အစည်းအသီးသီး၊ လူမှုအသိုက်အဝန်း အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် မှန်ကန်ပြီးစနစ်ကျသည့် ကြိုတင်ကာကွယ်မှုအစီအမံတွေကို လေ့ကျင့်သင်ကြားပေးခြင်း၊ အသိပညာပေးခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည်များကို မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ မြစ်ကြီးနားရုံး တာဝန်ခံကိုယ် စားလှယ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ကြမည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့အသီးသီးတို့မှ စေတနာ့ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

          အဆိုပါ သင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ပူးပေါင်းပြုစုထုတ်ဝေထားသည့် စေတနာ့ဝန်ထမ်းလက်စွဲ စာအုပ်ပါ တုံ့ပြန်ဆောင်ရွက်ရမည့်အချက်များအပါအဝင် ကိုဗစ်-၁၉ ရော ဂါနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် နောက်ဆုံးရအချက်အလက်များ၊ ကိုဗစ်-၁၉ အတည်ပြု လူနာများပြုစုစောင့်ရှောက်ရာတွင် စနစ်တကျစီမံခန့်ခွဲ၍ ကြိုတင်ကာကွယ်ဆောင်ရွက်သွားရမည့်  အချက်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ လူဦးရေ ၃၅ ဦးတက်ရောက်သည့်အပြင် Online မှ တက်ရောက်သူ ၇၀ ဦးကျော်ဖြင့် (၂)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။