ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ မြို့နယ်နှင့် မြို့စည်ပင်သာယာရေး အဖွဲ့အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံအတွင်းအကြီးဆုံးရေကူးကန်တည်ဆောက်မှုနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇွန် ၂၆           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ မြို့များဖွံ့ဖြိုးစည်ပင်၍ သန့် ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေကြသည့်   မြို့နယ်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း၊ အမှုထမ်းများနှင့် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပြီး နိုင်ငံအတွင်း အကြီးဆုံးရေကူးကန် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။           စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြို့ များဖွံ့ဖြိုးတိုးတက်၍ သန့်ရှင်းသာယာလှပလာစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသည့် စည်ပင် သာယာရေးအဖွဲ့များသည် မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီမှ အပြည့်အဝစီမံခန့်ခွဲခွင့်ရှိသည့် တစ်ခုတည်း သော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် မိသားစုကဲ့သို့ မှတ်ယူပါကြောင်း၊ ယခုနှစ်များအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် စည်ပင် မှရသင့်ရထိုက်သည့်…

Read More

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့်သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဇွန် ၂၄           ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့် ဒေသသဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေး၊ ကယ်ဆယ်‌ရေးလုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ် အတွင်း သဘာဝဘေးဖြစ်ပွားခဲ့မှုနှင့် ဖားကန့်ဒေသမြေပြိုမှုဖြစ်စဉ်အခြေအနေများအပေါ် သဘာဝ ဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို  ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသော ပြင်းထန်သည့် ရာသီဥတုအခြေအနေများအပါအဝင် ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်များကို အခြေခံ၍ ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ ချရေးလုပ်ငန်းစဉ်များကို အများပြည်သူသိရှိအောင်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၂၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင် ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။           အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ရေးအတွက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာဇာနည် နေ့အခမ်းအနားကို ယခုနှစ်တွင်လည်း လုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အထူးဂရုပြု ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခမ်းအနားအောင် မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြစေလို ကြောင်းမှာကြားသည်။           ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက…

Read More

ကချင်ပြည်နယ်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၂၂           ကချင်ပြည်နယ်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဝင်များ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။           ညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိကာလတွင် COVID -19 ကပ် ရောဂါဖြစ်ပွားနေသော်လည်း မိမိတို့ပြည်နယ်အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အ တွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောတောင်စိမ့်စမ်းရေများ၊ မြစ်ဆုံ၊ အကြီးဆုံးရေချိုအိုင်ဖြစ်သည့် အင်းတော်ကြီးအိုင်နှင့်ရေခဲတောင်စသည့် သဘာဝအခြေပြုခရီးသွား လုပ်ငန်းအတွက် အရင်းအမြစ်များပေါများကြွယ်ဝသည့်အပြင် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် နီးစပ် သော နယ်နမိတ်ထိစပ်မှုလည်းရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းသည် အလျင်အမြန်ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် အဓိကထား အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို…

Read More

ထွေ/အုပ်ဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်းညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်း ညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများအားလမ်းညွှန်အမှာစကားပြောကြားပြီး အရာထမ်း အမှုထမ်းများအတွက် ရင်ထိုးတံဆပ်အသစ်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက အသီးသီးတပ်ဆင်အပ်နှင်းပေးခဲ့ကြသည်။           ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးပြောင်းလဲလာမှု သမိုင်းကြောင်းများ၊ လက်ရှိဖြစ်ပေါ်နေ သော နိုင်ငံရေးအခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်လှုပ်ရှားမှု ဖြစ်ရပ်ဖြစ်စဉ်များတွင် အရေးယူဆောင်ရွက်ခဲ့မှု…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မူးယစ်ဆေးစွဲသူများအတွက်ဂရုဏာလက်လူငယ် ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန် ၁၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာရှိ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ဂရုဏာလက်လူငယ်ပြုစုပျိုး ထောင်ရေးသင်တန်းကျောင်းအတွင်း ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ ဇွန် ၁၉ ရက် နံနက် (၁၀)နာရီ တွင် တက်ရောက်အားပေးခဲ့သည်။           ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးအသင်းအဖွဲ့သည် ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲ လူငယ်/လူရွယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နှစ်သိမ့်ခွန်အားပေးခြင်း၊ ဘာသာရေး အရ သွန်သင်ဆုံးမပေးခြင်းဖြင့် မူးယစ်ဆေးဖြတ်ပေးခြင်းအပြင် ပြန်လည်ထူထောင်ရေးအတွက် သက်မွေးပညာများကို လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ အသင်းအဖွဲ့ ၏ သင်တန်းကျောင်းအတွင်း လိုအပ်လျက်ရှိသည့် ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းထား သော ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦခက် ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်တောင်များ အား ကွင်းဆင်းလေ့လာကြမည့် ဘူမိဗေဒပညာရှင်အဖွဲ့ဝင်များအား အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဇွန် ၁၈           ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်များ ထွက်ရှိနိုင်မည့် ထုံးကျောက် တောင်များအား ကွင်းဆင်းလေ့လာရေးဆောင်ရွက်ကြမည့် ဘူမိဗေဒအဖွဲ့များ၏ ခရီးစဉ်အတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် က ကချင်ပြည်နယ်သည် မြေပေါ်မြေအောက်သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါ ကြောင်း၊ ယနေ့ ပူတာအိုခရိုင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခွင့်အလမ်းရရှိလာနိုင်သည့် ထုံးကျောက်တောင်များကို ကွင်းဆင်းလေ့လာသွားရေးသွားရောက်ကြမည့် ဘူမိဗေဒပညာရှင်များ အနေဖြင့် ခရီးစဉ်လုပ်ငန်း‌အောင်မြင်စေရန်အတွက်လိုအပ်သည့်အုပ်ချုပ်/ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်‌ရေး ပွင့်လင်းရင်းနှီးစွာတင်ပြကြစေလိုကြောင်း မှာကြားသည်။           ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ကချင်ပြည်နယ်၏ နယ်မြေဒေသအခြေအနေနှင့် ပတ်သက်၍…

Read More

ပြည်နယ်အတွင်း ဟိုပင်မြို့နှင့် နမ္မတီးမြို့တို့တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီလီမိတက်နှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား      ဇွန် ၁၇             ဟိုပင်မြို့ရှိ ဂလိုင်ချောင်ရေအားလျှပ်စစ်စက်ရုံနှင့် နမ္မတီးမြို့ရှိ နမ့်ခမ်းခရေအားလျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီတာဝန်ရှိသူများက ဇွန် ၁၇ ရက် နံနက် ၁၀ နာရီ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။             တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက်ခြင်းဖြစ်သော်လဲ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/သားများ အလုပ်အကိုင်ရရှိရေးနှင့် ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို လည်း အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီ၏ ရေအားလျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးလိုအပ် သည်များကို တင်ပြဆွေးနွေးပေးစေလိုကြောင်း မှာကြားသည်။             ယင်းနောက်ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီမှ ဥက္ကဋ္ဌဒေါ်မရန်ဂျာဆိုင်းခေါန်နှင့် တာဝန်ရှိသူများက အများပိုင်ကုမ္ပဏီလီမိတက်မှ လက်ရှိဆောင်ရွက်လျက်ရှိသော…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား      ဇွန် ၁၇             ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။             ရှေးဦးစွာ ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ထားပြီး ဖြစ်သော်လည်း ဘတ်ဂျက်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လစာ Mini ဘတ်ဂျက်ရေးဆွဲတင်ပြရန် ညွှန်ကြားလာသဖြင့် ဌာနဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား      ဇွန် ၁၆             ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်း တွင် ပြည်နယ်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။             ရှေးဦးစွာ ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ဇွန် ၁၅ ရက်မှ စတင်၍ အပြည် ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အသင်းပေါင်း(၇)သင်းဖြင့် ကျင်းပခဲ့သော ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ပထမ၊ဒုတိယနှင့်တတိယဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်အား ပေးခဲ့ကြသည်။ ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဒိုင်လူကြီးများနှင့် ပြည်…

Read More