ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်တောင်များ အား ကွင်းဆင်းလေ့လာကြမည့် ဘူမိဗေဒပညာရှင်အဖွဲ့ဝင်များအား အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်တောင်များ အား ကွင်းဆင်းလေ့လာကြမည့် ဘူမိဗေဒပညာရှင်အဖွဲ့ဝင်များအား အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဇွန် ၁၈

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်များ ထွက်ရှိနိုင်မည့် ထုံးကျောက် တောင်များအား ကွင်းဆင်းလေ့လာရေးဆောင်ရွက်ကြမည့် ဘူမိဗေဒအဖွဲ့များ၏ ခရီးစဉ်အတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် က ကချင်ပြည်နယ်သည် မြေပေါ်မြေအောက်သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါ ကြောင်း၊ ယနေ့ ပူတာအိုခရိုင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခွင့်အလမ်းရရှိလာနိုင်သည့် ထုံးကျောက်တောင်များကို ကွင်းဆင်းလေ့လာသွားရေးသွားရောက်ကြမည့် ဘူမိဗေဒပညာရှင်များ အနေဖြင့် ခရီးစဉ်လုပ်ငန်း‌အောင်မြင်စေရန်အတွက်လိုအပ်သည့်အုပ်ချုပ်/ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်‌ရေး ပွင့်လင်းရင်းနှီးစွာတင်ပြကြစေလိုကြောင်း မှာကြားသည်။

          ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ကချင်ပြည်နယ်၏ နယ်မြေဒေသအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွင်းဆင်း လေ့လာကြမည့် ဘူမိဗေဒအဖွဲ့မှခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်းက ကွင်းဆင်း လေ့လာရေးဆောင်ရွက်သွားမည့် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ်များအတွင်း ထုံးကျောက်များထွက်ရှိမည့် တောင် ၇ တောင်အား မြေပြင်တွင် ဘူမိဗေဒဆိုင်ရာ စမ်းသပ်လေ့လာသွားမည့်လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ သိသင့်သိထိုက် သည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကွင်းဆင်းလေ့လာရေးသွား ရောက်မည့် ခရီးစဉ်ဆိုင်ရာကိစ္စရပ်များအပေါ်နယ်မြေဒေသအခြေအနေများ၊ အုပ်ချုပ်/ထောက်ပံ့မှု လုပ်ငန်းများ စီမံဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ဖြည့်စွက်ရှင်းလင်းဆွေးနွေး ကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျန်းမာရေး၊ နေ ထိုင်တည်းခိုရေး၊ မိုးတွင်းကာလဖြစ်သည့်အတွက် ဆေးအဖွဲ့ပါဝင်ဆောင်ရွက်ပေးနိုင်ရေးစသည့် အုပ်ချုပ်/‌ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအပေါ် ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။