ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား      ဇွန် ၁၆

            ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်း တွင် ပြည်နယ်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

            ရှေးဦးစွာ ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ဇွန် ၁၅ ရက်မှ စတင်၍ အပြည် ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အသင်းပေါင်း(၇)သင်းဖြင့် ကျင်းပခဲ့သော ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ပထမ၊ဒုတိယနှင့်တတိယဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်အား ပေးခဲ့ကြသည်။

ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဒိုင်လူကြီးများနှင့် ပြည် နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များအား ဂုဏ်ပြူမှတ်တမ်းလွှာများနှင့် ပြိုင်ပွဲတွင်နေရာအလိုက် အကောင်းဆုံးဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် တတိယဆုနှင့် ဒုတိယဆုရ အသင်းများအားဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပထမဆုရရှိသော သန့်ဇင်ကလပ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ချီးမြှင့်ငွေများ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ဇွန် ၁၀ မှ စတင်ကျင်းပခဲ့သော ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့၏ယှဉ်ပြိုင်မှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲတွင် ပူတာအိုခရိုင်အမျိုး သမီးအသင်းက မြစ်ကြီးနားခရိုင်အမျိုးသမီးဘောလုံးအသင်းအား နှစ်ဂိုး/ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည် နယ်ကောင်စိအဖွဲ့ဝင်များက ဒိုင်လူကြီးများအား ဂုဏ်ပြုဆွဲပြားများနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်း ဝန်းကူညီခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်လက်ရွေးစင်ရွေးချယ်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးကစားသမား များနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အမျိုးသမီးအဖွဲ့အားကစားဆပ်ကော်မတီ နာယက၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ပူးတွဲတတိယဆုရ ဗန်းမော်ခရိုင်အသင်းနှင့် မိုးညှင်း ခရိုင်အသင်း၊ ဒုတိယဆုရမြစ်ကြီးနားခရိုင်အသင်းနှင့် ပထမဆုရပူတာအိုခရိုင်အသင်းတို့အတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပထမဆုရ ပူတာအိုခရိုင်အသင်းအတွက် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့် ခဲ့သည်။