ထွေ/အုပ်ဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်းညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

 ထွေ/အုပ်ဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်းညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၂

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်း ညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများအားလမ်းညွှန်အမှာစကားပြောကြားပြီး အရာထမ်း အမှုထမ်းများအတွက် ရင်ထိုးတံဆပ်အသစ်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက အသီးသီးတပ်ဆင်အပ်နှင်းပေးခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးပြောင်းလဲလာမှု သမိုင်းကြောင်းများ၊ လက်ရှိဖြစ်ပေါ်နေ သော နိုင်ငံရေးအခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်လှုပ်ရှားမှု ဖြစ်ရပ်ဖြစ်စဉ်များတွင် အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရေးတို့ကို လမ်းညွှန်ချပြရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ သား/သမီးများ အား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၁၇)ဦး၊ အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၁၉)ဦး၊ အလယ် တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၅)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၆၁)ဦး နှင့်မူကြိုကျောင်းသား/ကျောင်းသူ (၃၂)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၁၅၄)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် (၁၇၇၅၀၀၀)နှင့် ငွေကျပ် (၂၈၅၃၀၀၀)တန်ဖိုးရှိ  ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ်အိတ်၊ ထီးနှင့် ကျောင်းဝတ်စုံစသည့် ကျောင်းသုံးပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျောင်းသားမိဘ ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေး ဦးနိုင်ထူးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။