ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စားရေရိက္ခာဖူံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဒုတိယနှစ်စက်ဝန်းလည်ပတ်နိုင်ရေး မတည်ချေးငွေများ လွှဲပြောင်းပေးအပ်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စားရေရိက္ခာဖူံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဒုတိယနှစ်စက်ဝန်းလည်ပတ်နိုင်ရေး မတည်ချေးငွေများ လွှဲပြောင်းပေးအပ်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၂၀

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက် (၁၀)နာရီခွဲ တွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစကခမှူး (ဗန်းမော် တပ်နယ်မှူး)ဗိုလ်မှူးကြီးထွဋ်ခေါင်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်မည့် ရပ်ကွက်/ ကျေးရွာများအား စီမံကိန်း ဒုတိယနှစ်စက်ဝန်းအတွက် မတည်ချေးငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း နိုင်ငံ့တော် မှ ရင်းနှီးမတည်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို စီမံကိန်း ပထမနှစ်စက်ဝန်းအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထား အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့သည့်အတွက် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို များစွာ အထောက်အပံ့ဖြစ်စေခဲ့ပါကြောင်း၊ မိမိအနေဖြင့် ဗန်းမော်ခရိုင်အတွင်း စီမံကိန်း ပထမနှစ်စက်ဝန်း အတွက် ကျေးရွာ (၃၈)ရွာ၌ တောင်သူအိမ်ထောင်စုပေါင်း (၂၉၉၄)စုအား ရန်ပုံငွေကျပ် (၁၈၆၀)သန်း ဖြင့် အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ချေးငွေများကို ပြန်လည်ပေးဆပ်ပေးကြ သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ စီမံကိန်းဒုတိယနှစ်စက်ဝန်း စတင်လည်ပတ် နိုင်ရေး တောင်သူများအတွက် စီမံကိန်းယူနစ် (၃၄)ယူနစ်အတွက် ရန်ပုံငွေကျပ် (၁၅၂၀)သန်းအား ပြန်လည်ထုတ်ချေးပေးအပ်သွားမည်ဖြစ်သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နိဂုံး ချုပ်အနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလို စီမံကိန်းလုပ်ငန်းများဖြင့် အထောက်အပံ့ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြသွားကြရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က ခရိုင်အတွင်း အုပ်ချုပ် ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်‌ ဆောင်ရွက်ခဲ့မှုများအား ပါဝါပွိုင့် ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက စီမံကိန်း ဒုတိယနှစ်စက်ဝန်း အတွက် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၁၀) ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၂)ရွာ၊ သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၅)ရွာ စုစုပေါင်းကျေးရွာ (၁၀)အတွက် မတည်ချေးငွေကျပ်သိန်း (၇၉၀၀)ကိုလည်းကောင်း၊ မံစီ မြို့နယ်အတွင်း စိုက်ပျိုးရေးဆောင်ရွက်မည့် ကျေးရွာ (၄) ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၁)ရွာ၊ သမဝါယမလုပ်ငန်းဆောင်ရွက်မည့် (၂)ရွာ စုစုပေါင်း ကျေးရွာ (၇)ရွာအတွက် မတည်ချေးငွေကျပ်သိန်း (၃၂၀၀)ကို လည်းကောင်း၊ မိုးမောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ (၅)ရွာ၊  မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၂)ရွာ၊ သမဝါယမ လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၂)ရွာ၊ ငါးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ (၁)ရွာ စုစုပေါင်း ကျေးရွာ (၅)ရွာအတွက် မတည်ချေးငွေကျပ်သိန်း(၄၁၀၀)ကိုလည်းကောင်း ခရိုင်/ မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာ အဆင့် ကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ကနိဂုံးချုပ်အမှာစကားပြောကြားကာ ဌာနဆိုင်ရာများနှင့်ကျေးရွာကော်မတီအဖွဲ့ဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) သီရိရတနာဈေးသို့ သွား ရောက်ပြီး ဈေးအတွင်း သား/ငါးဈေးတန်းရုံ အဟောင်းပျက်စီးယိုယွင်းနေမှုကြောင့် ပြည်နယ်ရန်ပုံငွေ ကျပ် (၁၁၃.၈၅၀)သန်းဖြင့် ၇၀ ပေ× ၄၀ ပေ× ၁၂ ပေ သံကူကွန်ကရစ် (၁)ထပ် အဆောက်အအုံသစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သား/ငါးဈေးတန်းရုံအသစ်အနီး မြေထိန်းနံရံပြုလုပ်ပေးနိုင်ရေး၊ ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးအောင်ဆောင်ရွက်ရေး မှာကြား ခဲ့သည်။

          ထိုမှတစ်ဆင့် ဗန်းမော်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအတွင်း ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီ တွင် ဗန်းမော်မြို့ သာစည်ရက်ကွက်အတွင်းရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံငွေရင်း ရန်ပုံငွေ ကျပ် (၄၄၅.၀၅၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ပေးခဲ့သည့် (၁၃၀ပေ×၂၀ပေ) သံကူကွန်ကရစ်  ပင်စင်ကုန်းတံတားသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

တံတားသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်မည့် ပင်စင်ကုန်းတံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်နေသည်ကို တွေ့ရှိရသည့်အတွက် နောင်နှစ် ပေါင်းများစွာ အသုံးပြုသွားလာနိုင်သည့် တံတားတစ်စင်းအဖြစ် တည်‌ဆောက်ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ဒါ့အပြင် တံတားအဝင်လမ်းကျဉ်းမြောင်းသည့်အတွက် သူနာပြုသင်တန်းကျောင်းမှ စတင်၍ ၁၈ ပေ အကျယ် ကတ္တရာလမ်းသစ်ကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်နေ ပြည်သူများအနေဖြင့် အင်မတန်မှ လိုက်ဖက်ကောင်းမွန်သည့် လမ်းနှင့် တံတားအဖြစ် မြင့်တွေ့ အသုံးပြုနိုင်တော့မည်ပြီဖြစ်ပါကြောင်း   ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ  ဦးတင်မောင်ထွေးက ပင်စင်ကုန်းတံတား တည်ဆောက်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေ ပြည်သူ တစ်ဦးက တံတားသစ်တည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တံတားသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တံတား ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တံတား၏ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွေးနံ့သာများဖြင့် ပက်ဖျန်းခဲ့‌ပေးကြသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ တံတားသစ်ဖွင့်ပွဲ အထိမ်း အမှတ် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြကာ တံတားသစ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ ဒေသခံတိုင်းရင်းသားများ၊ ရပ်ကွက်နေပြည်သူများက တံတားသစ်ကို ဖြတ်သန်း ကြည့်ရှုခဲ့ကြပြီး ဒေသခံများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ တံတားဘေးရှိ ကျွန်းမျှောပေါ်တွင် ခရမ်းချဉ်သီးပင် စမ်းသပ်စိုက်ပျိုးထားသည့် စိုက်ခင်းအား တံတားမှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်တက္ကသိုလ်သို့ သွားရောက် ပြီး တက္ကသိုလ်မိန်းဆောင်အတွင်းအသစ်ပြုပြင်တည်ဆောက်ထားသည့် သဟာရခန်းမဆောင်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ် ဝန်ကြီးချုပ်က ခန်းမသစ်အတွင်း ထားရှိသည့် ယူပုံသဏ္ဍာန်စားပွဲရှည်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ခန်းမပြင်ဆင်ရေးအတွက် ကူညီပံ့ပိုးပေးကြသည့် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း လွှာများကို ပြန်လည်ပေးအပ်သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ အား အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း၊ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင် ရာအချက်အလက်များ ထည့်သွင်း၍ ဂဏန်း (၁၀)လုံးပါဝင်သည့် Unique Identity (UID)ထုတ်ပေး ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်တက္ကသိုလ်၏(၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် နှင့် အဝေးသင်သင်တန်း ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ခမ်းအနားကို ပါမောက္ခချုပ်၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ပြီး ပါမောက္ခချုပ်က ၂၀၂၃ ခုနှစ်၊ ပညာသင် နှစ်အတွက် သက်ဆိုင်ရာစာမေးပွဲများတွင် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအတွက် ဘွဲ့လက်မှတ်များကို ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကချင်ပြည်နယ်၏ ဂုဏ်ဆောင်ပြယုဂ်တစ်ခု ဖြစ်သည့် ဗန်းမော်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ပြုလုပ်ကျင်းပနိုင်သည့်အပြင် ဘွဲများ ကိုလည်း ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့များကိုပါ အပ်နှင်းနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဘွဲ့ရ မောင်မယ်များ အနေဖြင့်လည်း အမိတက္ကသိုလ်၏ ဂုဏ်သိက္ခာ၊ မိမိတို့ရရှိခဲ့သည့် ဘွဲ့အသီးသီး၏ ဂုဏ်သိက္ခာများ ကိုလည်း မလွဲမသွေစောင့််ထိန်းရန် လိုအပ်သကဲ့သို့ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ ရပ်/ရွာမှတစ်ဆင့် မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံတော်အကျိုးအတွက် ဆက်လက်ကြိုးစား သင်ယူသွား ရမည်ဖြစ်ပါ ကြောင်း ဂုဏ်ပြုပြောကြားခဲ့ပြီး ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားခဲ့သည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့ နမ့်ဖားကွင်းအတွင်း တောင်သူ (၃၃၀)ဦးတို့၏ လယ်ဧက (၅၆၇)ဧကအတွင်း ဒေသခံဟင်းသီးဟင်းရွက် တောင်သူများ နှင့် ရင်းရင်းနှီးသွားရောက်တွေ့ဆုံကာ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် နေကြာစိုက်ပျိုးရေးအတွက် တောင်သူအသိပညာပေးလက်ကမ်းစာစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ တောင်သူများ၏ လယ်မြေများပေါ်တွင် ဆောင်းသီးထပ်အဖြစ် နွေစပါး၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ မြေပဲ၊ နေကြာ၊ မြေထောက်ပဲ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများ၏ စိုက်ပျိုးရေ လုံလောက်မှုရှိစေရေးအတွက် စက်ရေတွင်းများ တိုးချဲ့တူးဖော်ပေးနိုင် ရေး၊ ရွေ့လျားရေတင်စက်ဖြင့် ရေသွင်းနိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကြေးနန်းရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၁၇၃/၈) တောင်သူဦးထွန်းကြည်၌ လယ်သို့ သွားရောက်ပြီး အဆိုပါကွင်းအတွင်းရှိ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ တောင်သူများအတွက် နေကြာ မျိုးစေ့များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ သဘာဝမြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ကာ လယ်ကွင်းအတွင်း မြေပဲနှင့် နေကြာသီးနှံ MIX Cropping  စိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ အဆိုပါကွင်းအတွင်းရှိ မူလရေတူးမြောင်းဟောင်းအား တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးအတွက် ၂၀၂၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၂၅.၂၅) သန်းဖြင့် အလျား (၅၀၀)ပေအရှည် တူးမြောင်းပြန်လည် တူးဖော်ခြင်း လုပ်ငန်းနှင့် ဘောင်ဆင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊  မိုးမောက်မြို့နယ် ကြံ့ခင်းကျေးရွာ၊ မိုးမောက်-ကျောက်စခန်းသွားကားလမ်းဘေး၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေကျပ် (၅)သိန်းဖြင့် ပိတောက်ရိပ်၊ စိုက်ပျိုးရေးနှင့် အထွေ‌ထွေလုပ်ငန်း သမဝါယမအသင်းပိုင် စိုက်ပျိုးရေးမြစိမ်းရောင် (သမဝါယမ) စီမံကိန်းဖြင့် မြေပဲ (၂)ဧက စိုက်ပျိုးထားရှိမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ တိုးတက် မြှင့်မာရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အကျိုးရှိ ထိရောက်သည့် စီမံကိန်းလုပ်ငန်းများဖြစ်စေရေး ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ကြ ရေး တိုက်တွန်းမှာကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ် ၃၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် မိုးမောက်မြို့နယ် (၇)မိုင်အောင်မြေကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေကျပ် (၁၄) သိန်းဖြင့် မွေးမြူရေးတောင်သူဒေါ်မာလု၏ ခြံ၌ ဒေသဝက်များနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ နည်းစနစ် လိုအပ်ချက်နှင့် ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ မွေးမြူရေး အထောက်အကူပြုဆေးဝါးပစ္စည်းများ၊ ခြံဖြန်းပိုးသပ်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ အိမ်‌ထောင်စုများအား ပြန်လည် နေရာချထားပေးသည့် စီအင်ရွာသစ်‌အတွင်း ကျေးရွာဖွံ့ဖြိုးမှုမြန်ဆန်စေရေးနှင့် ကျေးရွာနေ ပြည်သူ များဘဝ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာစေရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် သန်း (၂၉.၃၈၂)သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည့် စက်ရေ တွင်းတူးဖော်ခြင်းခြင်းလုပ်ငန်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်နှင့် ရေတင်စက်ရုံတည်ဆောက်ပြီးစီးမှု အခြေ အနေများကို လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေကျပ် (၉၀.၀၉)သန်းဖြင့် ရွာတွင်းလမ်း ကွန်ကရစ် လမ်းသစ် (၄)မိုင် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ရန်ပုံငွေဖြင့် ၆၀ပေ × ၃၀ ပေ × ၁၃ပေရှိ အုတ်ညှပ်၊ သွပ်မိုး ကျေးရွာခန်းမသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာ တာဝန်ရှိသူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဗန်းမော်နှင့် မိုးမောက် မြို့နယ်များအတွင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် မွေးမြူရေးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မွေးမြူရေး တောင်သူများ၏ ဝက်များအား ဈေးကွက်အလွယ်တကူ တင်ပို့ရောင်းချနိုင်ရေး၊ ဝက်သားဈေးကွက် နှင့် စပ်လျဉ်း၍ တရားမဝင်ရောင်းချမှုများ အရေးယူဆောင်ရွက်နိုင်ရေး၊ စည်ပင်သာယာရေးဈေးတွင် တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းရှင်များနှင့်မွေးမြူ‌တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်၍ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။