ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဖောက်လုပ်နေမှု  အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာ၌ ဒေသတွင်းရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဖောက်လုပ်နေမှု  အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာ၌ ဒေသတွင်းရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ပူတာအို         ဖေဖော်ဝါရီ ၁၈

          မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၁၇ နံနက် ၆ နာရီက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနခရိုင်ရာတာဝန်ရှသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းအတိုင်း ထွက်ခွာခဲ့ကြပြီး လမ်း လုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်ရှိရာ ရှိန်းလိန်းချက်တောင်ထိပ် အမြင့်ပေ ၇၀၀၀ ကျော်မှတစ်ဆင့် ရေခဲတောင်များ မြင်တွေ့နေရမှုကို ကြည့်ရှုခဲ့ကြသည်။

          ထို့နောက် ကျေးရွာပေါင်း(၈)ရွာ၊ အိမ်ခြေ(၃၈၂)အိမ်၊ လူဦးရေ (၁၁၃၉)ဦးတို့အား အကျိုးဖြစ် ထွန်းစေသည့်အပြင် ဖုန်ကုန်ရာဇီနှင့် ဖုန်ရင်ရာဇီ နှင်းဖုံးရေခဲတောင်များသို့ သွားရာလမ်းကြောင်း တစ်ခုဖြစ်သည့်အတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာစေမည့် အဆိုပါ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (၂၄)မိုင် (၇)ဖာလုံလမ်းပိုင်းအတွင်း ပြည်ထောင်စု ငွေလုံး ငွေရင်းရန်ပုံငွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် လမ်းဦးစီး ဌာနနှင့်  နယ်စပ်ရေးရာဝန်ကြီးဌာနတို့က မြေသားပြုပြင်၍ ၃၄ အကျယ် အမာခံကျောက်ခင်းကြိတ် ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ တောင်နံရံဖြို၍လမ်းသားတိုးချဲ့ခြင်းများဆောင်ရွက်နေမှုနှင့် သံကူ ကွန်ကရစ် ရေကျော်တံတားများ တည်ဆောက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇီယာဒမ်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာခန်းမဆောင်၌ ဇီယာဒမ်းကျေးရွာအပါအဝင် လုံနဒမ်း၊ အဝပ်ဒမ်း၊ ဝမ်လိုင်ဒမ်း၊ ဝါဆန်ဒမ်း၊ နန်ရို၊ ဆောလောဒီကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာ များဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကောင်းမွန်ဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ထောက်ပံ့မတည်ပေးနေမှု အခြေ အနေများနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ ရွာတွင်းလမ်းများ ဖောက်လုပ်ပေးရေး၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးရေ၊ သုံးရေရရှိ ရေး၊ လျှပ်စစ်မီးလင်းအတွက် တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာများအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့် ဒေသခံတောင်သူများအတွက် ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ဒေသခံပြည်သူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်း ရိုက်ကူးခဲ့ပြီး နှုတ်ဆက်ထွက်ခွာခဲ့ကြသည်။

ယင်းနောက် အပြန်လမ်းအတွင်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာလမ်းပေါ်တွင် မူလာ ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာများအား လည်းကောင်း၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(တံတားတည်ဆောက်ရေး)အဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည် ၂၄၀ ပေရှိ မူလာချောင်းကူး သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုတို့ကို  လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ရှိန်းလိန်းချက်တောင်ပေါ်ရှိ လမ်းလုပ်ငန်းစီမံကိန်းရုံး၌ တာဝန်ရှိသူများက လမ်းပိုင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိမှု အခြေ အနေများနှင့် မြေသားလမ်း၊ အမာခံလမ်း (၈)မိုင် (၄)ဖာလုံနှင့် မြေသားလမ်း (၁၆) မိုင် (၃)ဖာလုံ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင်နှင့် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် တောင်သူများအတွက် အသေးစား လက်တွန်းထွန်စက်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် က ပူတာအိုဒေသစားရေရိက္ခာ ဖူလုံရေး၊ လမ်းပန်းဆက်သွယ်ရေး‌ကောင်းမွန်ရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဘဏ္ဍာနှစ်အလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် ၇၀၀ သန်းကိုလည်းကောင်း၊ သမဝါယမအသင်းအဖွဲ့များအတွက် ၂၁၂ သန်းကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် သန်း ၈၀ ကိုလည်းကောင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များထံ အသီးသီးပေးအပ်ခဲ့ကြ သည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်မှုလယ်ယာဦးစီးဌာနက ပူတာအိုဒေသအတွင်းရှိ ဝေးလံဒေသများတွင်ရှိသော လုပ်ကွက်ငယ်တောင်သူများအတွက် တစ်ပိုင် တစ်နိုင် အသေးစားလယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလုပ်ကိုင်နိုင်စေပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုစေရန်အတွက် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် (777)အမှတ်တံဆိပ် (18F) အသေးစားလက်တွန်းထွန်စက် (၁၇)စီးကို ဒေသခံတောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။