ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ခြံစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ခြံစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် တောင်သူ များအား အားပေးတိုက်တွန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပမ္မတီးရပ်ကွက် ရွှေအိုက် ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများထံ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်းရှိ ဦးယိန်းယော်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း ဒေသနွားများနှင့် ဒေသ ဆိတ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု အခြေအနေများ၊ အသားတိုးဝက်များ မွေးမြူထားရှိ မှုနှင့် ငါးကန်အတွင်း ငါးများမွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

          ယင်းနောက် ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားသည့် စိုက်ခင်းများနှင့် ဖူးစား ပြောင်း စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေဖြင့် စိုက်ခင်းများ အတွင်း ရေသွင်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူ ဦးယိန်းယော်နှင့် ခြံစိုက်တောင်သူ အစုအဖွဲ့များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လက်စွဲစာအုပ်ပါ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ ချေးငွေထုတ်ချေးပေးနိုင်ရေးနှင့် လျှပ်စစ်မီးသွယ် တန်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် မွေးမြူရေး အထောက်အကူပြုဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်ရှိ လီဆူစာပေနှင့်ရိုး ရာယဉ်ကျေးမှုဝင်းအတွင်း ခြံစိုက်တောင်သူ ဦးစိုးမိုးဝင်း၏ ပျိုးဥယျာဉ်သို့ သွားရောက်ပြီး ပျိုးခြံ အတွင်း ကွမ်းသီးပျိုးပင်များ၊ ထောပတ်သီးပျိုးပင်များ၊ ကော်ဖီပျိုးပင်များနှင့် နာနတ်ပွင့်ပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ အရောင်းအဝယ် ဖြစ်ထွန်းမှု အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။