ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျား ခေါင်လန်းဖူးဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၊ မြို့သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျား ခေါင်လန်းဖူးဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၊ မြို့သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၈

          မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး‌မြို့နယ်သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ ကြပြီး ရှေးဦးစွာ ပူတာအို-နောင်မွန်သွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင် (၂၂) အင်မွေးတောင် ပေါ်ရှိ View Point ပြုလုပ်ထားသည့် နေရာမှ ဒေသ၏ တိမ်ပင်လယ်နှင့် တောတောင်သဘာဝရှုမျှော် ခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မချမ်းဘော-ရပ်ဘော့-နောင်မွန်သွားလမ်းမှ တစ်ဆင့် မဂွေဇ-ခေါင်လန်ဖူးလမ်း အတိုင်း ဆက်လက်ထွက်ခွာခဲ့ကြပြီး အမြင့်ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်တောင်ထိပ်တွင် တောတောင်သဘာဝရှုမျှော်ခင်းများ၊ မေခမြစ်စီးဆင်းနေမှုနှင့် ပတ်ဝန်းကျင်ရှိ တောင်ထွဋ်များပေါ် တွင် ရေခဲများဖြင့် ဖုံးလွှမ်းနေမှုကို ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)၊ တံတားအထူးအဖွဲ့(၁)မှ မေခမြစ်ပေါ်တွင် တာဝန်ယူတည်ဆောက် လျက်ရှိသည့် အရှည်ပေ ၆၀၀ ရှိ တံတားအမှတ် (၁/၄၄) ရီဒမ်းတံတားသစ် တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ သွားရောက်ပြီး တံတားချဉ်းကပ်လမ်းအတွက် တောင်ဖြို၍ လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရီဒမ်းတံတားသစ်၏ ကမ်းကပ်ခုံနှင့် ရေလယ်တိုင်များ တည် ဆောက်နေမှု၊ ရေလယ်အတွက် Bored Pile ရိုက်သွင်းတည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ရီဒမ်းကြိုးတံတားမှတစ်ဆင့် ကြိုးတံတား၏ ကြံ့ခိုင်မှုကို ဖြတ်သန်းကြည့်ရှုခဲ့ကြကာ တံတားစီမံကိန်း ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ကြပြီး ခေါင်လန်ဖူးမြို့နယ် အတွင်း မိုင်တိုင် ၅၆ အနီး အဒက်ရေတံခွန် View Point တည်ဆောက်ထားရှိမှုနှင့် အဆိုပါ View Point မှ တစ်ဆင့် မေခမြစ်နှင့် တောင်တန်းကြီးများပေါ်ရှိ အဒက်ရေတံခွန်တို့၏ ရှုမျှော်ခင်းများကို ကိုလည်းကောင်း၊ ခေါင်လန်ဖူးမြို့ဝင်နေရာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသည့် မြို့ဝင် ဆိုင်းဘုတ်ပြုပြင်တည်ဆောက်နေမှု၊ အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် အားကစား လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ကြရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများ၊ ရဝမ်နှင့် လီဆူတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

          ဆက်လက်၍ အဆိုပါ ခရီးစဉ်အတွင်း လိုက်ပါလာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လည်းကောင်း၊ မြို့နယ်ခန်းမ၌ လည်းကောင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာကော်မ တီအဖွဲ့ဝင်များနှင့် ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့ပတ်လမ်းမှ တစ်ဆင့် အမှတ် (၄)ရပ်ကွက်အတွင်း တိုးချဲ့မြို့ကွက်သစ်ပေါ်တွင် ဌာန ဆိုင်ရာနှင့် ဒေသခံနေအိမ်များ တိုးချဲ့ဆောက်လုပ်နေထိုင်လျက်ရှိသည့် အခြေအနေများနှင့် မြို့ပတ် လမ်းတစ်လျှောက် မြေပြိုမှုဖြစ်စဉ်မဖြစ်ပေါ်စေရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်နိုင်ရေး၊ ရေနှုတ်မြောင်းများ တူးဖော်၍ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ တောင်စောင်းများ တွင် သစ်ပင်များတိုးချဲ့စိုက်ပျိုးနိုင်ရေး မြိုပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံသစ် တည်ဆောက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

          ထို့နောက် ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ၆၀ ပေ × ၄၀ ပေ (၂)ထပ် ခေါင်လန်ဖူးဧည့်ရိပ်သာတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေ ရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေများ ချထားဆောင်ရွက်ပေးလျက် ရှိသည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်းအား ရာသီမရွေးဆက်သွယ် သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ဝမ်းစာ ဖူလုံ‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အားပေးထောက်ပံ့လျက် ရှိသည့်အပြင် ဒေသ၏ အဓိကစိုက်ပျိုးရေးထွက်ကုန်ဖြစ်သည့် ရှာကော် ရောင်းဝယ်ဖောက်ကားမှုနှင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန်တစ်ခုအဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ ပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အပြင် လျှပ်စစ်မီးလင်းရေးအတွက် ကိုလည်း အထမ်ချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီကို အသိ ပေးပြောကြားလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများအနေဖြင့်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန်စေသည့် လုပ်ငန်းများအားလုံးတွင် နိုင်ငံတော်အစိုးရနှင့်အတူ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များက မိတ်ဆက်စကားပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် ဒေသခံရပ်မိ/ရပ်ဖများ၊ စိုက်ပျိုး မွေးမြူရေးတောင်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဝမ်းစာဖူလုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခေါင်လန်ဖူးမြို့ မြို့တိုးချဲ့ရပ်ကွက်တွင် နေအိမ်ဆောက်လုပ်နေထိုင်သည့် ဒေသခံပြည်သူ (၁၇)ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၂၅၅ သိန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ငွေကျပ် ၂၅၅ သိန်းကို လည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတည် ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင် မိုးစပါးတိုးမြှင့်စိုက်ပျိုးနိုင် ရေး ဆင်းဧကရီ-၃ မျိုးစပါးတင်း (၁၀၀)ကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဝက်မွေးတောင်သူများအတွက် အစာခြောက်နှင့် ဆေးဝါးပစ္စည်းများကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား မြို့ပတ်လမ်း ကျောက်စီရေနှုတ်မြောင်း ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်ခန်းမအဝင် ကွန်ကရစ်လှေကားပြုလုပ်နိုင် ရေးအတွက် ငွေကျပ် (၅၈)သိန်းကို ပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ခေါင်လန်ဖူးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆေးရုံလူနာဆောင်သစ်တည်ဆောက်နိုင်ရေး မြေနေရာအား ကြည့်ရှုစစ်ဆေးကာ ဆေးရုံအနီး ခေါင်လန်ဖူးမြို့တည်နေရာအဖြစ် ရှေးဘိုးဘွားများ၏ အထိမ်းအမှတ် ကျောက်တိုင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး သန့်ရှင်းသပ်ယပ်စွာဖြင့် ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းထားရှိရေး မှာကြားခဲ့ကာ မြို့အထွက်ရှိ ရှာကော်သီး ရောင်းဝယ်တင်ပို့သည့်နေရာတွင် ဒေသခံများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ပြီး ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ခေါင်လန်ဖူးမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး မဂွေဇတံတား၊ ရှင်းလင်းဆောင်၌ နောင်မွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းနှင့် သမဝါယအစုအဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်နေကြသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဒေသခံတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံးအထောက် အကူပြုပစ္စည်းများ၊ ဆီစက်များ ထူထောင်ပေးရေး၊ စက်ပစ္စည်းများနှင့် နည်းပညာပံ့ပိုးမှု လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။