ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ဖားကန်မြို့နယ် ဝှေခါကျေးရွာအနီး လုပ်ကွက်ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ်
မြစ်ကြီးနား ဇူလိုင် ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား/ စေတီ ပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြ သည်။ ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများနှင့် အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး ဝန်ထမ်းများအားမုန့်နှင့်ရေသန့်ဘူးများ ဖြန့်ဝေ ကျွေးမွေးခဲ့ကြသည်။ &Read More