မြစ်ကြီးနားမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး
မြစ်ကြီးနား သြဂုတ် ၇ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာ ထုတ် ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းအားဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရေးနှင့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက် နံနက် ၉ နာရီက ကျေးရွာနေပြည်သူများအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိ ရသည်။ အဆိုပါ စီမံကိန်းလုပ်ငန်းများဖြင့် ဖွင့်လှစ်ပေးသွားမည့် အခြေခံနှင့် မွမ်းမံ စက်ချုပ်သင်တန်း၊ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်ပြီး ယခုလို လုပ်ငန်းစီမံကိန်းများဖြင့် အသေးစား ကုန်ထုတ် လုပ်မှုသင်တန်းများ၊ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် အသေးစားကုန် [&Read More