ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိသန့်ရှင်းရေး၊ စိမ်းလန်းနှင့် ညစောင့်လုပ်သား (၂၄၃)ဦးတို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများထောက်ပံ့
မြစ်ကြီးနား သြဂုတ် ၁၈ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား၊စိမ်းလန်း လုပ်သားများနှင့် ညစောင့်လုပ်သားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာ ယာရေးဝန်ထမ်းများသည် မြို့/ရွာများ သန့်ရှင်းသာယာလှပလာစေရေးအတွက် ဆောင်ရွက်ရသော ဝန်ထမ်းများဖြစ်သဖြင့် သန့်ရှင်းရေးဝန်ထမ်းများ၏ မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေ ရေး တစ်ဖက်တစ်လမ်း အကူအညီဖြစ်စေရေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် မိမိတို့အနေဖြင့် ဝန်ထမ်းများအား အခါအားလျှော်စွာထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ &Read More