ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅ တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုး ပြိုင်ပွဲများကို ရှေးအစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူး ကျင်းပသည့် ပထမအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။ ထမနဲထိုးပြိုင်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထမနဲထိုးပြိုင်ပွဲသည် နှစ်စဉ် တပို့တွဲလတွင် ကျင်းပမြဲဖြစ်သည့် မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ထမနဲထိုး ပြိုင်ပွဲကို ပါဝင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် စည်းလုံး ညီညွတ်မှု၊ ပျော်ရွှင်မှုကို ဖော်ထုတ်ပြသပြီး အကောင်းဆုံးယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ဒိုင်ချုပ်ဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ပြိုင်ပွဲတွင်…