ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်လျက်ရှိ

မြစ်ကြီးနား ဧပြီ ၅           (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်သည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများဖြင့် ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။           သို့ဖြစ်ပါ၍ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာနေရာအသီးသီး ယိမ်းအက လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ယိမ်းအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့တို့က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လေ့ကျင့်နေလျက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တော်ခန်းမ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။           ယင်းသို့ ယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်နေမှုများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပြုယိမ်းအဖွဲ့အနေဖြင့် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ ဆိုင်းဝိုင်းနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယိမ်းအဖွဲ့အနေဖြင့် စီဒီတေးသီချင်းဖြင့်…

Read More

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ယူချိန် တရုတ်ယဉ်ကျေးမှုကျောင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၄           ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအနေဖြင့် ပြည်သူလူထုတွေ့ဆုံရှင်းလင်းပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ရွှေညောင်ရပ်ကွက်အတွင်းရှိ ယူချိန်တရုတ်ယဉ်ကျေးမှုကျောင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ တရုတ်ဘုံကျောင်းတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းထွန်းလှိုင်၊ ဒေါက်တာအောင်ဝင်း၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့်တို့က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ပညာရှင်များ၏ လေ့လာတွေ့ရှိမှု၊ ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များ၊ ကမ္ဘာ့ရေကာတာကြီးများအကြောင်းနှင့် လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအကြား နှိုင်းယှဉ်ခြင်းစသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းအုပ်နှင့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား သင်္ကြန်ကာလအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဧပြီ ၄ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ရှိ ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စား သောက်မှုအဆင်ပြေ စေရေးအတွက် အခြေခံစားသောက် ကုန်များကို ယမန်နေ့ နံနက် ၁၁ နာရီ ခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက လာမည့်သင်္ကြန်ကာလအတွင်း ဝန်ထမ်းများ စိတ်အေးချမ်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး၊ တာဝန်များထမ်းဆောင်နိုင်ရေး တဖက်တလမ်းအထောက်အကူဖြစ်စေရန်၊ မိမိတို့တာဝန်ထမ်းဆောင်ရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအချင်းချင်း အပြန်အလှန်လေးစားမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန် ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများအပါအဝင် နေစားဝန်ထမ်းများနှင့် ဈေးညစောင့်များ…

Read More

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ၊ လွှတ်တော်ကော်မတီ (၃)ရပ် အတည်ပြုဖွဲ့စည်း

မြစ်ကြီးနား ဧပြီ ၂           တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး တတိယနေ့အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကြသည်။           ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြအုန်း ဖားကန့်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၉)ဦးတို့ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးချန်းဂျောင်ဆားရ်၊ ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၇)ဦးတို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေး ပြင်ဆင်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ ချီဖွေနှင့်ဆော့လော်မြို့နယ်များမှ ယာယီတိမ်းရှောင်ပြည်သူများအတွက် ယာယီနေအိမ်များ မိုးမကျမီ အပြီးတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂           ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ (၂၀၂၆ ခုနှစ်) မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ပြုလုပ်ကျင်းပသွားမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ဗဟိုမဏ္ဍပ် ၁၂၂ ပေ × ၃၆ ပေ × ၄ ပေ အတိုင်းအတာဖြင့် တည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့် လမ်းလျှောက်သင်္ကြန်အတွက် လမ်းအရှည်ပေ ၉၀၀ ဧရိယာအတွင်း ရေပိုက်များ တပ်ဆင်သွယ်တန်း နေမှုအခြေအနေများကို…

Read More

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်၊ ယိမ်းအကအလှများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပွဲတော် တို့ဖြင့် မိရိုးဖလာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား ဧပြီ ၁           ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်)တွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင်လည်းကောင်း၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးဦးစီးကော်မတီထံမှသိရသည်။           ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမကြီး ကျောက်စိမ်းတုံးမီးပွိုင့်မှ မီးရထားသံလမ်းကူးနေရာအထိ လမ်းအရှည် ပေ ၉၅၀ ပေါ်တွင် ဗဟိုမဏ္ဍပ်ကို ၁၂၂ ပေ × ၃၆ ပေ × ၄ ပေ အတိုင်းအတာဖြင့် တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း အဆိုပါ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း စတုဒီသာမဏ္ဍပ်များ၊ မြန်မာ့တို့၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာသနပ်ခါး…

Read More

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ ကော်မတီ (၃)ရပ် ဖွဲ့စည်းရေး လွှတ်တော်သို့တင်ပြ

မြစ်ကြီးနား မတ် ၃၁           တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးဒုတိယနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို ဖွဲ့စည်းရေး လွှတ်တော်သို့ တင်ပြခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကြသည်။           ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့လာသော ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာအား ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာကာ ဥပဒေကြမ်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။           ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီတွင် ပါဝင်သင့်သည့်…

Read More

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် မိုးကောင်းမြို့နယ် ဗန်းမောက်ကုန်းကျေးရွာ ကုန်ထုတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မိုးကောင်း      မတ်     ၃၀           (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၉ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ဗန်းမောက်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွဲ့ပွဲသို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပင်းဘောကျေးရွာအုပ်စု၊ ဗန်းမောက်ကုန်း ကျေးရွာတွင်းလမ်း အရှည် (၅၀၀၀)ပေ၊ အကျယ် (၁၄) ပေရှိ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးရွာနေပြည်သူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ဗန်းမောက်ကုန်း)၌ ကျင်းပသည့် (၈၁) နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းနှင့် ကမ်းထိန်းနံရံ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ Guangxi Economic and Trade Vocational Institute(GXETVI) သို့ ပညာတော်သင်သွားရောက်ကြမည့် ကျောင်းသား/ ကျောင်းသူများနှင့် Grade-12 စာစစ်မည့် ဆရာ၊ ဆရာမများအား တွေ့အုံအားပေးချီးမြှင့်၊ တိုင်းရင်း သားရေးရာဝန်ကြီးဌာန၏ (၅)နှစ်တာဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများ ရှင်းလင်းတင်ပြ၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား အလှူငွေများလှူဒါန်း

မြစ်ကြီးနား မတ် ၃၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Guangxi Economic and Trade Vocational Institute(GXETVI) သို့ Diploma in Fashion and Apparel Design (ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်း) သာသာရပ်ကို (၃)နှစ်သွားရောက်သင်ယူကြမည့် ကျောင်းသား/ ကျောင်းသူများနှင့် Grade-12 စာမေးပွဲစစ်ဆေးပေးကြမည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်သည်။           အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပညာတော်သင်သွားရောက်ကြမည့် မောင်တို့၊ မယ်တို့အနေဖြင့် ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်းဘာသာရပ်သည် ယနေ့ခေတ်ကာလ၏ လူမှုစီးပွားနယ်ပယ်တွင် အလွန်အရေးပါပြီး အားကိုးအားထားပြုရသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာအဆင့်မီ ပညာ ရပ်များကို သွားရောက်ဆည်းပူးနိုင်ရေးအတွက် မိခင်တက္ကသိုလ်နှင့်…

Read More

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် မြစ်ကြီးနားမြို့၏ဂုဏ်ဆောင် မြို့တော်ခန်းမဖွင့်လှစ်

မြစ်ကြီးနား မတ် ၂၆           (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြို့အင်္ဂါရပ်လျော်ညီပြီး ကချင်ရိုးရာယဉ်ကျေးမှုအနုပညာလက်ရာများဖြင့် ပေါင်းစပ်ထားသော ခေတ်မီမြို့တော်ခန်းမကို မတ် ၂၆ ရက် နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့သည်။           အဆိုပါ မြို့တော်ခန်းမသစ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခင်က ခေတ်နှင့်မလျော်ညီတော့သည့် မြို့တော်ခန်းမဟောင်းအားဖျက်သိမ်းပြီး အဆိုပါမြေနေရာ၌ ခေတ်နှင့်လျော်ညီပြီး ကချင်ရိုးရာအငွေ့အသက်များ ပါဝင်သည့် ခေတ်မီမြို့တော်ခန်းမသစ် (၁၈၅ပေ × ၁၂၄ ပေ× ၃၃ပေ) အာရ်စီကွန်ကရစ်အဆောက်အဦအား ပြည်နယ်၏ဂုဏ်ယူစရာ နေရာတစ်ခုအဖြစ် ပေါ်လွင်အောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း (၄…

Read More