မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လျှပ်စစ်မီးပြတ်တောက်မည့် အချိန်ကာလအတွင်း ပြည်သူများ သောက်သုံး ရေ/ ချိုးရေလုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ ဖြန့်ဝေပေးသွားမည်
မြစ်ကြီးနား ဧပြီ ၁၈ ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးအဓိကဖြန့်ဖြူးပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ရက်သတ္တပတ် နှစ်ပတ်ခန့်ဆောင်ရွက်မည်ဖြစ်သဖြင့် အဆိုပါ ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သောကြောင့် ပြည်သူများ သောက်သုံးရေ၊ ချိုးရေလုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ဖြန့်ဝေပေးနိုင် ရေး ယနေ့ နံနက် ၇ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ရေရရှိရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ပြည်သူများထံ အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ် သည့်အတွက် ပြည်သူများ လျှပ်စစ်မီး အခက်အခဲ လျော့နည်းစေရေး ပြည်နယ်အစိုးရအဖွဲ့က စီမံချက် များ ရေးဆွဲဆောင်ရွက်နေပြီဖြစ်သည့်အပြင်…