အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှား မှုအဖြစ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၃၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် နိုင်ဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက လူထုစက်ဘီးစီးနင်းပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်း အထူးတန်းပွဲကြည့်စင်ရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ ရှေးဦးစွာ နံနက် ၆ နာရီတွင် ပြည်သူ့အားကစားကွင်း အထူးတန်းပွဲကြည့်စင်ရှေ့ စုရပ်၌ လူထုစက်ဘီးနင်းပွဲ ပါဝင် ဆင်နွှဲကြသူများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက သေနတ်ပစ်ဖောက်၍ တာလွတ်ပေးရာ ပြိုင်ပွဲဝင်များသည် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ဇေရန်အောင်ဘုရားထိ၊ ထိုမှတစ်ဆင့်သတ်မှတ်လမ်းကြောင်းအတိုင်း ပြည်သူ့အားကစားကွင်းအထိ တစ်ပျော်တစ်ပါး အသွားအပြန်စီးနင်းခဲ့ကြသည်။ ထို့နောက်…