မြစ်ကြီးနား ဇွန် ၁
ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဥပဒေ အရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့သည်။
ပြည်နယ်ဥပဒေချုပ်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ် များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှုရရှိစေရေး ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားကာ သက်ဆိုင်ရာကျင့်ဝတ် ကြီးကြပ်ရေးအဖွဲ့ဝင်များက ပြည်နယ် ဥပဒေချုပ်ရုံးအပါအဝင် ခရိုင်/ မြို့နယ် ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိ များအား ကျင့်ဝတ်ဆိုင်ရာမေးမြန်း ဆွေးနွေးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။