ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်၍ အထိမ်းအမှတ်နေ့ပြိုင်ပွဲများအတွက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၁၄ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် အခမ်းအနားကို မြစ်ကြီးနားမြို့ ဧရာရပ်ကွပ်ရှိ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်၍ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ဗိုလ်ရှုသဘင်အကဖြင့် ကြပြဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့…